Foreign Currency Current Account

Foreign Currency Current Account

နိုင်ငံခြားငွေစာရင်းရှင်စာရင်း

နိုင်ငံခြားငွေစာရင်းရှင်စာရင်းသည် လူကြီးမင်းတို့၏ နိုင်ငံခြားငွေများကို ငွေလဲလှယ်ခြင်းမှရလာမည့် ဆိုးရှုံးနိုင်မှုအန္တရာယ်ကို လျှော့ချပေးနိုင်ပြီး လုံခြုံစွာထိန်းသိမ်းနိုင်မည့် စာရင်းရှင်စာရင်း ဖြစ်ပါသည်။ နိုင်ငံခြားငွေစာရင်းရှင်စာရင်းအား အောက်ပါနိုင်ငံခြားငွေများဖြင့် ပေးသွင်းနိုင်ပါသည်။

  • အမေရိကန်ဒေါ်လာ
  • ယူရို
  • စင်ကာပူဒေါ်လာ
အကျိုးကျေးဇူးများ
  • နိုင်ငံခြားငွေ ၃ မျိုးအား ရွေးချယ်နိုင်ခြင်း။ (အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ)
  • ငွေပေးချေခြင်းနှင့် လက်ခံရရှိကြောင်း အကြောင်းကြားစာများကို ပြည်တွင်းတွင်သာမက ပြည်ပတွင်ပါ ပြုလုပ်ရရှိနိုင်ခြင်း။
  • ငွေလဲလှယ်ခြင်းမှရလာမည့် ဆုံးရှုံးနိုင်မှုအန္တရာယ်အား ပိုမိုကောင်းမွန်စွာ စီမံနိုင်ခြင်း။
  • နိုင်ငံခြားငွေစာရင်းရှင်စာရင်းကို တစ်ဦးချင်းသော်လည်းကောင်း၊ တွဲဖက်သော်လည်းကောင်း၊ အလုပ်အကိုင်အဖွဲ့အစည်းဆိုင်ရာသော်လည်းကောင်း ဖွင့်လှစ်နိုင်ခြင်း။
  • နိုင်ငံခြားငွေစာရင်းရှင်စာရင်းမှ ပြည်တွင်းကျပ်ငွေ စာရင်းသို့ လွှဲပြောင်းနိုင်ခြင်း။
  • နိုင်ငံခြားငွေစာရင်းရှင်စာရင်းမှ မြန်မာကျပ်သော်လည်းကောင်း၊ ကြိုက်နှစ်သက်ရာ နိုင်ငံခြားငွေကိုသော်လည်ကောင်း ထုတ်ယူနိုင်ခြင်း။
အတိုးနှုန်း
  • နိုင်ငံခြားငွေစာရင်းရှင်စာရင်းသည် အတိုးနှုန်းမပေးပါ။
ဝန်ဆောင်ခများ
  • နိုင်ငံခြားငွေစာရင်းအတွက် စာရင်းဆောင်ရွက်မှု ဝန်ဆောင်ခဖြစ်သဖြင့် ယခုဘဏ်စာရင်းအတွက် အထူးဝန်ဆောင်ခ ကျသင့်ပါမည်။
  • စာရင်းထိန်းသိမ်းခ -  (၁/-) ယူနစ် (တစ်နှစ်အတွင်း ငွေသွင်းငွေထုတ်ဆောင်ရွက်မှု Transaction မရှိသော စာရင်းများအတွက်သာ ကောက်ခံ ပါသည်။)
  • စာရင်းပိတ်ခြင်းအတွက် ဝန်ဆောင်ခ - (၁၀/-) ယူနစ် (ဖွင့်လှစ်ထားသော နိုင်ငံခြားငွေအမျိုးအစားအလိုက် ပေးသွင်းရပါမည်။)
လိုအပ်ချက်များ
  • အနည်းဆုံး ကနဦးစာရင်းဖွင့်ငွေ - (၁၀၀/-) အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ။
  • အနည်းဆုံးလက်ကျန်ငွေ - (၂၀/-) အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ။
လိုအပ်သည့် စာရွက်စာတမ်းများ

လုပ်ငန်းကုမ္ပဏီ အမျိုးအစားအလိုက် နိုင်ငံခြားငွေစာရင်းရှင်စာရင်း ဖွင့်လှစ်ရန်လိုအပ်သည့် စာရွက်စာတမ်းများကို အောက်ဖော်ပြပါ ဇယားတွင် ကြည့်ရှုနိုင်ပါသည်။

 

ပြည်တွင်းအခြေစိုက် လုပ်ငန်းကုမ္ပဏီများ

အကျိုးတူပူပေါင်းစာရင်း / Society Account other Societies

ပြည်ပအခြေစိုက်  လုပ်ငန်းကုမ္ပဏီများစာရင်း

ပြည်ပရင်းနှီးမြှုပ်နှံမှုစာရင်း

Certificate of Registration of Branch Office in Myanmar Issued by the Directorate of Investment & Companies Administration (DICA)

-

-

Certificate of Registration of Documents (CRD) Issued by the DICA. (Temporary certificate is acceptable.)

-

-

Certificate of Incorporation

ကုမ္ပဏီမှတ်ပုံတင်လက်မှတ်

Exporter – Importer Registration Certificate

ပို့ကုန်သွင်းကုန် မှတ်ပုံတင်လက်မှတ်

-

-

Memorandum of Association & Article of Association

သင်းဖွဲ့စည်းမျဉ်းနှင့် သင်းဖွဲ့မှတ်တမ်း

Form (6) and Form (26)

ပုံစံ (၆) နှင့် ပုံစံ (၂၆)

Board of Director’s Resolution / Meeting minutes

ဒါရိုက်တာ ဘုတ်အဖွဲ့၏ Resolution / Meeting minutes

Specimen Signature Card Signed by the Authorized persons

တာဝန်ရှိသူများ၏ လက်မှတ်နမူနာများ

Initial Deposit Unit-100

ပဏာမ ပေးသွင်းသည့် ၁၀၀

Permit to Trade

ကုန်သွယ်ခွင့် ပါမစ်

-

-

-

National Registration Card / Pass-port

မှတ်ပုံတင်/နိုင်ငံကူးလက်မှတ်

FAQs
မည်သည့် နိုင်ငံခြားငွေများဖြင့် ဘဏ်စာရင်း ဖွင့်နိုင်ပါသနည်း?

အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ တို့ဖြင့် ဘဏ်စာရင်းဖွင့်နိုင်ပါသည်။

ယခု ဘဏ်စာရင်းအား မည်သူများက ဖွင့်နိုင်သနည်း?

မြန်မာနိုင်ငံသားတိုင်း နှင့် တရားဝင်အလုပ် လုပ်ပိုင်ခွင့်ရထားသော နိုင်ငံခြားသားများအားလုံး ယခုဘဏ်စာရင်းကို ဖွင့်နိုင်ပါသည်။

အနည်းဆုံးလက်ကျန်ငွေမည်မျှရှိရမည်နည်း?

(ရွေးချယ်ဖွင့်လှစ်ထားသည့် နိုင်ငံခြားငွေအလိုက်) (၂၀/-) အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ ဖြစ်ပါသည်။

ငွေထုတ်ယူခြင်းကို မည်သို့ပြုလုပ်နိုင်သနည်း?

ငွေထုတ်ယူခြင်းကို အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ ကြိုက်နှစ်သက်ရာနှင့် ထုတ်ယူနိုင်ပြီး မြန်မာကျပ်ငွေနှင့်လည်း ငွေလွှဲခြင်း၊ ငွေပေးချေခြင်းများ ပြုလုပ်နိုင်ပါသည်။

ယခု နိုင်ငံခြားငွေစာရင်းရှင်စာရင်း ၏ လုပ်ငန်းလုပ်ဆောင်ချက်များမှာ အဘယ်နည်း?

သတ်မှတ်ထားသော နိုင်ငံခြားငွေ ၄ မျိုးထဲမှ ကြိုက်နှစ်သက်ရာငွေကို ထုတ်နိုင်ပြီး မြန်မာကျပ်နှင့်လည်း ပြောင်းလဲနိုင်ပါသည်။ လုပ်ငန်းများအတွက် ယခုဘဏ်စာရင်းတွင် Cash Management ငွေသားစီမံခန့်ခွဲခြင်း လုပ်ငန်းတာဝန်များကိုလည်း ပြုလုပ်နိုင်ပါသည်။

ဘဏ်စာရင်းထဲသို့ နောက်ထပ် သက်ဆိုင်သူ ထည့်သွင်းလို့ရပါသလား?
  • ရပါသည်။ လက်ရှိဘဏ်စာရင်းကို နောက်ထပ် သက်ဆိုင်သူတစ်ယောက် ထည့်သွင်း၍ တွဲဖက်စာရင်းအဖြစ် ပြောင်းလဲနိုင်ပါသည်။ တွဲဖက်စာရင်း အတွက် နှစ်ဦးစလုံး (စာရင်းပိုင်ရှင်အားလုံး) ခွင့်ပြုချက်ဖြင့် ဘဏ်စာရင်းဆောင်ရွက်ခွင့်ပြုခြင်း (သို့မဟုတ်) တစ်ဦးတည်းခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခွင့်ပြုခြင်း တို့ကို ပြုလုပ်နိုင်ပါသည်။
  • တွဲဖက်စာရင်း ပြောင်းလဲရန် နီးစပ်ရာ CB Bank ဘဏ်ခွဲသို့ စာရင်းပိုင်ရှင်ကိုယ်တိုင် မိမိနိုင်ငံသားစိစစ်ရေးကတ်ပြား နှင့် စာရင်းဖွင့်လှစ်နိုင်ပါသည်။
ယခု ဘဏ်စာရင်းကို Mobile banking မှ ဝင်ရောက်၍ ငွေလွှဲပြောင်းခြင်းများ ပြုလုပ်နိုင်ပါသလား?

နိုင်ငံခြားငွေစာရင်းရှင်စာရင်းသည် Mobile Banking နှင့် ချိတ်ဆက်၍ ဝင်ရောက်ခြင်း မပြုလုပ်နိုင်ပါ။

CB Bank ၏ နိုင်ငံခြားငွေစာရင်းရှင်စာရင်းမှတစ်ဆင့် အခြားဘဏ်စာရင်းများသို့ မည်သို့ငွေလွှဲနိုင်သနည်း?

လူကြီးမင်းတို့၏ နိုင်ငံခြားငွေစာရင်းရှင်စာရင်းမှာ CB Bank ၏ အခြားသော ဘဏ်စာရင်းများကို ငွေသားလွှဲပေးနိုင်ပါသည်။ အပြည်ပြည်ဆိုင်ရာ ငွေလွှဲခြင်းအတွက် အခြားသော လုပ်ငန်းများ (သို့မဟုတ်) SWIFT မှတစ်ဆင့် လွှဲပို့နိုင်ပါသည်။

အပြည်ပြည်ဆိုင်ရာဘဏ်များမှ ငွေလွှဲခြင်းအားလက်ခံရန် သိသင့်သည်များ။ ငွေလွှဲခြင်းနှင့် ငွေပေးချေခြင်းများကိုလက်ခံရန် လွှဲသူ/ ပေးသူကို အောက်ပါအချက်များ အသိပေးရပါမည်။

SWIFT/BIC Code : CPOBMMMY

Bank/Institution : CB Bank PCL

Address : No.(46), Union Financial Center, Corner of Mahabandoola Road and Theinphyu Road, Botahtaung Township, Yangon, Myanmar.