Special Account

Special Account

CB Bank အနေဖြင့် Deposit Account အသစ်အား အထူးအစီအစဉ်တစ်ရပ်အဖြစ် ငွေပမာဏ အကန့်အသတ်မရှိ ထုတ်ယူနိုင်ပြီး နေ့စဉ်စာရင်းပိတ်လက်ကျန်အပေါ် လက်ကျန်ငွေပမာဏအလိုက် အတိုးနှုန်း ၄ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းအထိ ရရှိနိုင်မည့် Special Account ကို မေလ ၃ ရက်နေ့မှစတင်၍ CB Bank ၏ ဖွင့်လှစ်ဘဏ်ခွဲနှင့် ကြိုတင်ချိတ်ဆက်ဘဏ်ခွဲများတွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

အဆိုပါဝန်ဆောင်မှုနှင့်ပတ်သက်၍ တစ်ဦးချင်း Personal Account ဖြစ်စေ၊ Joint Account ဖြစ်စေ၊ Corporate Account (ကုမ္ပဏီ) ဖြစ်စေ စာရင်းဖွင့်လှစ်နိုင်ပြီး အကန့်အသတ်မရှိ ငွေသားပေးသွင်းနိုင်ပါသည်။ ယခင်ချက်လက်မှတ်များနှင့် ပုံစံကွဲပြားသည့် Special Account Seal ရိုက်နှိပ်ကာ ချက်လက်မှတ်စာအုပ် ထုတ်ပေးသွားမည်ဖြစ်ပါသည်။

Debit Card ချိတ်ဆက်အသုံးပြုနိုင်သည့်အပြင် CB Pay အသုံးပြု ၍ Special Account မှ တစ်ဆင့် အခြား CB Bank Account များသို့ စာရင်းပြောင်းခြင်းနှင့် ငွေပေးချေခြင်းများ ဆောင်ရွက်နိုင်ပါသည်။

အကျိုးကျေးဇူးများ
  • နေ့စဉ်စာရင်းပိတ်လက်ကျန်များအပေါ်တွင် လက်ကျန်ငွေပမာဏအလိုက် တွက်ချက်ပေးခြင်း
  • ငွေသားပေးသွင်းထားငွေများအား အကန့်အသတ်မရှိ ငွေသားပြန်လည်ထုတ်ယူနိုင်ခြင်း
  • Special Current Account မှ အခြား CB Bank Account များသို့ နည်းလမ်းအမျိုးမျိုးဖြင့် ပမာဏအကန့်အသတ်မရှိ စာရင်းပြောင်း (Transfer) ဆောင်ရွက်နိုင်ခြင်း
  • CB Bank Special Current Account မှ အခြားဘဏ်များ၏ ဘဏ်စာရင်းများသို့ စာရင်းပြောင်း ဆောင်ရွက်နိုင်ခြင်း
အတိုးနှုန်းနှင့် ဝန်ဆောင်ခများ

နေ့စဉ်လက်ကျန်ငွေအပေါ် တွက်ချက်ပေးမည့် အတိုးနှုန်း …

  • ကျပ်သိန်း ၅,၀၀၀ အောက် အတိုးနှုန်း - ၆ %
  • ကျပ်သိန်း ၅,၀၀၀ နှင့်အထက် အတိုးနှုန်း - ၇ %
  • Initial Deposit - ကျပ် ၁၀ သိန်း
  • Minimum Balance - ကျပ် ၅ သိန်း
ရက်ပေါင်း ၁၈၀ အခမဲ့ ဝန်ဆောင်မှု
  • Personal A/C - SMS Alert Free
  • Company A/C - e-Alert Free
  • Monthly e-Statement - Special A/C အားလုံးအား လစဉ် Free ပေးပို့ပါမည်။