Current Account

Current Account

စာရင်းရှင်အပ်ငွေစာရင်း

စာရင်းရှင်အပ်ငွေစာရင်းသည် ချက်လက်မှတ်ဖြင့် ငွေပေးချေခြင်းများ ပြုလုပ်နိုင်သည့် ငွေစာရင်းဖြစ်သည်။ အတိုးနှုန်းမပေးသော ဘဏ်စာရင်းဖြစ်ပါသည်။

အကျိုးကျေးဇူးများ
  • တစ်ဦးချင်းစာရင်း (သို့) ကုမ္ပဏီ/အဖွဲ့အစည်းအနေဖြင့်လည်း စာရင်းဖွင့်နိုင်ပါသည်။
  • ချက်စာအုပ် အခမဲ့ ထုတ်ပေးပါသည်။
  • ဘဏ်စာရင်းဆောင်ရွက်မှုများအား အခမဲ့ ဆောင်ရွက်ပေးပါသည်။
  • ငွေပမာဏနှင့် အကြိမ်အရေအတွက် အကန့်အသတ်မရှိ ပေးသွင်းနိုင်ပါသည်။
  • ငွေသားပေးသွင်းခြင်း၊ ချက်လက်မှတ်၊ ငွေပေးအမိန့်၊ ငွေလွှဲလက်မှတ် စသည်တို့ကို စာရင်းပြောင်းခြင်း (Transfer)၊ စာရင်းရှင်းခြင်း (Clearing) နှင့် ငွေကောက်ခံခြင်း (Collection) နည်းများဖြင့် ပေးသွင်းနိုင်ပါသည်။
  • ကန့်သတ်ချက်မရှိ ငွေထုတ်ယူနိုင်ပါသည်။
  • မိမိကြိုက်နှစ်သက်ရာ စာရင်းနှင့် ချိတ်ဆက်သုံးစွဲနိုင်ပါသည်။
  • Mobile (သို့မဟုတ်) Internet Banking တို့ကို ချိတ်ဆက်နိုင်ပါသည်။
  • ငွေသားများ သယ်ဆောင်စရာမလိုဘဲ ချက်လက်မှတ်ဖြင့် ငွေပေးချေမှုများ လွယ်ကူစွာ ပြုလုပ်နိုင်ပါသည်။
  • အကြောင်းအမျိုးမျိုးကြောင့် ချက်လက်မှတ်အား ငွေပေးချေမှုရပ်ဆိုင်းရန် တားမြစ်နိုင်ပါသည်။
ဝန်ဆောင်ခများ
  • တဆိပ်ခေါင်းခွန်ဖိုး - ချက်လက်မှတ် စာအုပ်တစ်အုပ်လျှင် (၂၅၀/-)ကျပ်
  • စာရင်းထိန်းသိမ်းခ - ၁၅၀၀ ကျပ် (တစ်နှစ်အတွင်း ငွေသွင်းငွေထုတ်ဆောင်ရွက်မှု Transaction မရှိသော စာရင်းများအတွက်သာ ကောက်ခံ ပါသည်။)
လိုအပ်ချက်များ
  • အနည်းဆုံး ကနဦး စာရင်းဖွင့်ငွေ - (၁,၀၀၀/-) ကျပ် 
  • တစ်ဦးချင်းစာရင်းဖွင့်သူများသည် အသက် (၁၈) နှစ် ပြည့်ရပါမည်။
  • မြန်မာနိုင်ငံသား ဖြစ်ရပါမည်။
  • နိုင်ငံသားစိစစ်ရေးကတ်ပြား ယူဆောင်လာရန် လိုအပ်ပါသည်။
  • မြန်မာနိုင်ငံအသိအမှတ်ပြု၊ ခွင့်ပြုလိုင်စင်ရထားသော ကုမ္ပဏီလုပ်ငန်း၊ အဖွဲ့အစည်းများ ဖြစ်ရပါမည်။
  • ကုမ္ပဏီလုပ်ငန်း၊ အဖွဲ့အစည်းများအတွက် လိုအပ်ချက်အလိုက် ဘဏ်မှ ထပ်မံတောင်းဆိုချက်များ ရှိနိုင်ပါသည်။
FAQs
ဘဏ်စာရင်းတွင် အနည်းဆုံးလက်ကျန်ငွေ ပမာဏ မည်မျှ ရှိရမည်နည်း?

(၁,၀၀၀/-) ကျပ်

ယခု ဘဏ်စာရင်း ဖွင့်လှစ်ပြီး ငွေပေးသွင်းခြင်းအတွက် အတိုးရရှိနိုင်ပါသလား?

ယခု ဘဏ်စာရင်းသည်အတိုးမပေးသော ဘဏ်စာရင်းဖြစ်ပါသည်။

ယခု ဘဏ်စာရင်းနှင့် Mobile သို့ Internet Banking အား လျှောက်နိုင်ပါသလား?

ဘဏ်စာရင်း လက်ကိုင်ထားသူအနေဖြင့် ATM ကဒ် တစ်ခုရမှာဖြစ်ပြီး ထိုကဒ်ဖြင့် Mobile (သို့မဟုတ်) Internet Banking တို့ကို ချိတ်ဆက်နိုင်ပြီး eStatement (သို့မဟုတ်) eAlert များကို ပုံမှန်ကြေးဖြင့် ရယူ နိုင်ပါသည်။

ငွေထုတ်ယူခြင်းကိုမည်သို့ပြုလုပ်နိုင်သနည်း?

ဘဏ်စာရင်း ပိုင်ရှင်ကိုယ်တိုင် (သို့မဟုတ်) ချက်လက်မှတ်ဖြင့်လည်း နီးစပ်ရာဘဏ်ခွဲများတွင် ထုတ်ယူနိုင်ပါသည်။

ချက်လက်မှတ်စာအုပ် ပျောက်ဆုံးသွားလျှင် မည်သို့ပြုလုပ်ရမည်နည်း?

ချက်လက်မှတ်စာအုပ် ပျောက်ဆုံးသွားလျှင် မိမိဘဏ်စာရင်းဖွင့်ထားသည့် CB Bank ဘဏ်ခွဲသို့သွားရောက်ပြီး ပျောက်ဆုံးသွားသော စာအုပ်အဟောင်းကို ပယ်ဖျက်ပေးရန် အကြောင်းကြားပြီး စာအုပ်အသစ်အား လဲလှယ်ခ (၂,၀၀၀/-) ကျပ်ဖြင့် ထုတ်ယူနိုင်ပါသည်။

ငွေထုတ်ယူနိုင်မှု ပမာဏ အကန့်အသတ် ရှိပါသလား?

အကန့်အသတ်မရှိပါ။ မိမိကိုယ်တိုင် ချက်လက်မှတ်ရေး၍သော်လည်းကောင်း၊ မိမိငွေပေးလိုသည့် သူအားသော်လည်းကောင်း ငွေပေးချက်လက်မှတ်ရေးထိုး၍ ထုတ်ယူနိုင်ပါသည်။

ဘဏ်စာရင်းထဲသို့ နောက်ထပ် သက်ဆိုင်သူ ထည့်သွင်းလို့ရပါသလား?
  • ရပါသည်။ လက်ရှိဘဏ်စာရင်းသို့ နောက်ထပ် သက်ဆိုင်သူတစ်ယောက်ထည့်သွင်း၍ တွဲဖက်စာရင်းအဖြစ် ပြောင်းလဲနိုင်ပါသည်။ တွဲဖက်စာရင်းအတွက် နှစ်ဦးစလုံး (စာရင်းပိုင်ရှင်အားလုံး) ခွင့်ပြုချက်ဖြင့် ဘဏ်စာရင်းဆောင်ရွက်ခွင့်ပြုခြင်း (သို့မဟုတ်) တစ်ဦးတည်းခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခွင့်ပြုခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။
  • တွဲဖက်စာရင်း ပြောင်းလဲရန် နီးစပ်ရာ CB Bank ဘဏ်ခွဲသို့ စာရင်းပိုင်ရှင်ကိုယ်တိုင် မိမိနိုင်ငံသားစိစစ်ရေးကတ်ပြား နှင့် စာရင်းဖွင့်လှစ်နိုင်ပါသည်။
ယခုဘဏ်စာရင်းနှင့် Mobile Banking (သို့မဟုတ်) Internet Banking အားလျှောက်ထားနိုင်ပါသလား?

ဘဏ်စာရင်းလက်ကိုင်ထားသူအနေဖြင့် ATM ကတ်တစ်ခုရရှိမည်ဖြစ်ပြီး ထိုကတ်ဖြင့် Mobile Banking (သို့မဟုတ်) Internet Banking တို့ကို ချိတ်ဆက်အသုံးပြုနိုင်သည့်အပြင် eStatement (သို့မဟုတ်) eAtert များကို သတ်မှတ်ဝန်ဆောင်ခဖြင့် ရယူနိုင်ပါသည်။