Certified Cheque

Certified Cheque

CB Bank ၏ ဘဏ်အာမခံချက်လက်မှတ် (Certified Cheque) ဝန်ဆောင်မှု!

CB Bank Customer များအနေဖြင့် ချက်လက်မှတ်ဖြင့် ငွေပေးချေမှုပြုလုပ်ရာတွင် လုံခြုံစိတ်ချရပြီး အာမခံချက်ရှိစေရန်အတွက် ဘဏ်အာမခံချက်လက်မှတ် (Certified Cheque) ဝန်ဆောင်မှုကို CB Bank ၏ ဘဏ်ခွဲအားလုံး၌ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

Certified Cheque လျှောက်ထားဝယ်ယူရာတွင် CB Bank ၌ဖွင့်လှစ်ထားရှိသည့် ယခင် Current Account မှဖြစ်စေ၊ Special Account အသစ်မှဖြစ်စေ ကျပ် ၁၀ သိန်းမှစ၍ ပမာဏအကန့်အသတ်မရှိ လျှောက်ထားရရှိနိုင်မည်ဖြစ်ပါသည်။

ဘဏ်အာမခံချက်လက်မှတ် (Certified Cheque) ဖြင့် ပြန်လည်ထုတ်ယူပါက အောက်ပါနည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ပါသည်။

  • Normal Cheque (Old Account) - စာရင်းပြောင်း (Transfer) ဆောင်ရွက်နိုင်ခြင်း။
  • CTS Cheque (Old Account) - စာရင်းပြောင်း (Transfer) နှင့် စာရင်းရှင်း (Clearing) ဆောင်ရွက်နိုင်ခြင်း။
  • Normal Cheque (Special Account) - ငွေသားအထုတ်နှင့် စာရင်းပြောင်း (Transfer) ဆောင်ရွက်နိုင်ခြင်း။
  • CTS Cheque (Special Account) - ငွေသားအထုတ်၊ စာရင်းပြောင်း (Transfer)နှင့်စာရင်းရှင်း (Clearing) ဆောင်ရွက်နိုင်ခြင်း။