Special Call Deposit

Special Call Deposit

နေ့စဉ်စာရင်းပိတ်လက်ကျန်အပေါ်တွင် အတိုးတွက်ချက်ပေးမည့် CB Bank ၏ Special Call Deposit

CB Bank ၏ Customer များအတွက် နေ့စဉ် အတိုးနှုန်းပိုမိုမြင့်မားစွာရရှိနိုင်မည့် Special Call Deposit ကို CB Bank ၏ ဘဏ်ခွဲများတွင် လက်ခံဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း အသိပေးအပ်ပါသည်။

အဆိုပါဝန်ဆောင်မှုနှင့်ပတ်သက်၍ တစ်ဦးချင်း Personal Account ဖြစ်စေ၊ Joint Account ဖြစ်စေ၊ Corporate Account (ကုမ္ပဏီ) ဖြစ်စေ စာရင်းဖွင့်လှစ်နိုင်ပြီး ယခင်ဖွင့်လှစ်ထားသည့် Special Account များကိုလည်း Special Call Deposit အဖြစ် အလိုအလျောက်ပြောင်းလဲပေးသွားမည်ဖြစ်ပါသည်။

Special Call Deposit ဖွင့်လှစ်ခြင်းအတွက် ရရှိမည့်ဝန်ဆောင်မှုများ
  • ငွေသားပေးသွင်းထားငွေများအား အကန့်အသတ်မရှိ ငွေသားပြန်လည်ထုတ်ယူနိုင်ခြင်း
  • Special Call Deposit မှ အခြား CB Bank Account များသို့ နည်းလမ်းအမျိုးမျိုးဖြင့် ပမာဏအကန့်အသတ်မရှိ စာရင်းပြောင်း (Transfer) ဆောင်ရွက်နိုင်ခြင်း
  • CB Bank Special Call , Special Current & Special Saving များ အချင်းချင်း စာရင်းပြောင်းဆောင်ရွက်နိုင်ခြင်း
  • Special Call Deposit ၏ နေ့စဉ်စာရင်းပိတ်လက်ကျန်များအပေါ်တွင် နေ့စဉ်လက်ကျန်ငွေပမာဏအလိုက် အတိုးတွက်ချက်ပေးခြင်း
  • အတိုးရရှိငွေအား Customer များ၏ Account သို့ ၃ လတစ်ကြိမ် ထည့်သွင်းပေးခြင်း...စသည်တို့ ဖြစ်ပါသည်။
နှုန်းထားများနှင့် အခကြေးငွေများ
  • ကျပ်သိန်း (၁,၀၀၀) အောက် - ၆% p.a
  • ကျပ်သိန်း (၁,၀၀၀) မှ ကျပ်သိန်း (၃,၀၀၀) အောက် အထိ - ၆.၂၅% p.a
  • ကျပ်သိန်း (၃,၀၀၀) မှ ကျပ်သိန်း (၅,၀၀၀) အောက် အထိ - ၆.၇၅% p.a
  • ကျပ်သိန်း (၅,၀၀၀) မှ ကျပ်သိန်း (၂၀,၀၀၀) အောက် အထိ - ၇% p.a
  • ကျပ်သိန်း (၂၀,၀၀၀) နှင့် အထက် - ၇.၅% p.a

ထို့ပြင်...

  • Special Call Deposit Personal Account များအတွက် Debit Card ရယူနိုင်ခြင်း
  • Special Call Deposit Personal Account များကို CB Pay နှင့် ချိတ်ဆက်နိုင်ခြင်း
  • Special Call Deposit များကို Personal Internet Banking နှင့် Business Internet Banking တို့ ခွဲခြားချိတ်ဆက်နိုင်ခြင်း...စသည့်ဝန်ဆောင်မှုများလည်း ရရှိနိုင်ပါမည်။
အထူးသီးခြားဝန်ဆောင်မှုများ
  • Personal A/C အတွက် SMS Alert အခမဲ့
  • Company A/C အတွက် e Alert အခမဲ့
  • e Statement လစဉ်အခမဲ့
    • စသဖြင့် ရရှိနိုင်မည်ဖြစ်သည့်အတွက် CB Bank Customer များအနေဖြင့် နေ့စဉ်စာရင်းပိတ်လက်ကျန်အပေါ်တွင် အတိုးတွက်ချက်ပေးမည့် CB Bank ၏ Special Call Deposit ဖွင့်လှစ်နိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။