Foreigner’s Local Currency Account

Foreigner’s Local Currency Account

မြန်မာနိုင်ငံတွင် တရားဝင်နေထိုင်နေသော (သို့မဟုတ်) အလုပ် လုပ်နေသော နိုင်ငံခြားသားများသည် CB Bank တွင် မြန်မာကျပ်ငွေစာရင်းရှင်ဘဏ်စာရင်းဖွင့်လှစ်နိုင်ပါသည်။ ချက်လက်မှတ်အသုံးပြုကာ ငွေထုတ်ခြင်း၊ ငွေပေးချေခြင်းတို့ကို အဆင်ပြေလွယ်ကူစွာဆောင်ရွက်နိုင်ပါသည်။

    အကျိုးကျေးဇူးများ
    • တစ်ဦးချင်းစာရင်း(သို့) ကုမ္ပဏီ/အဖွဲ့အစည်းအနေဖြင့်လည်းစာရင်းဖွင့်နိုင်ပါသည်။
    • Easi Smart MPU Card
    • Mobile Banking Services
    • Internet Banking
    • eStatement (သတ်မှတ်ဝန်ဆောင်ခနှင့် ရယူနိုင်ပါသည်။)
    • eAlert (သတ်မှတ်ဝန်ဆောင်ခနှင့် ရယူနိုင်ပါသည်။)
    • စာရင်းသို့ ငွေပမာဏနှင့် အကြိမ်အရေအတွက် အကန့်အသတ်မရှိ ပေးသွင်းနိုင်ပါသည်။
    • ငွေသားပေးသွင်းခြင်း၊ ချက်လက်မှတ်၊ ငွေပေးအမိန့်၊ ငွေလွှဲလက်မှတ် စသည်တို့ကို စာရင်းပြောင်းခြင်း (Transfer)၊ စာရင်းရှင်းခြင်း (Clearing) နှင့် ငွေကောက်ခံခြင်း (Collection) နည်းများဖြင့် ပေးသွင်းနိုင်ပါသည်။
    • ကန့်သတ်ချက်မရှိ ငွေထုတ်ယူနိုင်ပါသည်။
    လိုအပ်ချက်များ
    • မြန်မာနိုင်ငံတွင် တရားဝင်နေထိုင်သူဖြစ်ရပါမည်။
    • Passport ၊ ဗီဇာ လိုအပ်ပါသည်။
    • မြန်မာနိုင်ငံအသိအမှတ်ပြု၊ ခွင့်ပြုလိုင်စင်ရထားသော ကုမ္ပဏီလုပ်ငန်း၊ အဖွဲ့အစည်းများ စာရင်းဖွင့်နိုင်ပါသည်။
    • ကုမ္ပဏီလုပ်ငန်း၊ အဖွဲ့အစည်းများအတွက် လိုအပ်ချက်အလိုက် ဘဏ်မှ ထပ်မံတောင်းဆိုချက်များရှိနိုင်ပါသည်။