Employee Benefits

Employee Benefits

အကျိုးခံစားခွင့်များ

ဝန်ထမ်းချေးငွေအစီအစဉ်
  • အိမ်ရာချေးငွေ - ဝန်ထမ်းများနေထိုင်မှုအဆင့်အတန်းမြှင့်တင်နိုင်ရေးအတွက် CB Bank သည် ဘဏ်ဝန်ထမ်းများ အိမ်ရာဝယ်ယူရာတွင် အထူးအတိုးနှုန်းနှင့် ချေးပေးပါသည်။
  • ပုံမှန်ချေးငွေ - ဝန်ထမ်းများအတွက် ပုံမှန်ချေးငွေကို အတိုးနှုန်းနည်းနည်းဖြင့် ချေးပေးပါသည်။
  • ပညာရေးချေးငွေ - ဝန်ထမ်းများ၏ပညာရေးအရည်အချင်းမြှင့်တင်နိုင်ရေးအတွက် CB Bank မှ အထူးအတိုးနှုန်းဖြင့် ချေးပေးပါသည်။ ထို့အတူ ကျောင်းများနှင့်ပူးပေါင်းပြီး Scholarship Program ကိုလည်း ထောက်ပံ့ပေးထားပါသည်။
  • ဝန်ထမ်းများ၏ Credit Card - ဝန်ထမ်းများသည် Credit Card သုံးစွဲရာတွင် မှတ်ပုံတင်ကြေးနှင့် နှစ်စဉ်ကြေးများပေးရန် မလိုပါ။
  • ဝန်ထမ်းများပိုမိုတိုးတက်စေရန် သင်ကြားပို့ချပေးခြင်း - ဝန်ထမ်းများ၏ တစ်ဦးချင်းကျွမ်းကျင်ရေးအတွက် CB Bank မှ သင်တန်းများပို့ချပေးပါသည်။

အသေးစိတ်သိရှိရန်အတွက် ဝန်ထမ်းလက်စွဲစာအုပ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။