Business Enablers

Business Enablers

စီးပွားရေးကို ထောက်ပံ့ပေးသော ပင်မဌာနများ

Technology

Technology သည် ဘဏ်၏အရေးကြီးသော ပင်မစွမ်းရည်တစ်ခုဖြစ်ပြီး အောင်မြင်မှုအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်သည့် အားလျော်စွာ ဘဏ်၏ အရေးပါဆုံး ကျောရိုးမလည်း ဖြစ်ပါသည်။

နည်းပညာနှင့် ပတ်သက်ပြီး စဉ်းစားလျှင် လူအများစုသည် Server နှင့် Network Devices များအား ပြေးမြင်တတ်ကြပါသည်။ သို့သော် နည်းပညာသည် ပင်ကိုယ်အရည်အချင်း၊ နားလည်ပါးနပ်ခြင်းနှင့် ကြားခံအဖြစ် ဆောင်ရွက်ပေးသည့် လူအများ၏ အခန်းကဏ္ဍအဖြစ် ကျွန်ုပ်တို့ယုံကြည်သောကြောင့် သင့်အတွက် အကောင်းဆုံး အခွင့်အလမ်းများရရှိနိုင်သောနေရာဖြစ်ပါသည်။ အဖွဲ့ဝင်များသည်  ပင်မဘဏ်စနစ်တိုးမြှင့်ရန်၊ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်နှင့် ထောက်ပံ့ပေးရန်မျှော်လင့်ပါသည်။ သင်သည် ဘဏ်၏ စီးပွားရေး လုပ်ငန်းစဉ်များအား ထောက်ပံ့ပေးရန် အဆင်ပြေချောမွေ့စွာလည်ပတ်နေသည့် အရေးကြီးသော စီးပွားရေး Application များနှင့် ဘဏ်စနစ်များကို ဘေးကင်းလုံခြုံစေရန် ကူညီပေးသော အဖွဲ့အစည်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။

ဤဌာနတွင် လုပ်ကိုင်လိုသူများအနေဖြင့်

  • အလျင်အမြန်ပြောင်းလဲ ဖွံ့ဖြိုးနေသော လုပ်ငန်းပတ်ဝန်းကျင်ကိုကြိုက်နှစ်သက်ပြီး လူအများနှင့် ဆက်ဆံရသည်ကိုကြိုက်နှစ်သက်ခြင်း၊
  • သင့်အနေဖြင့် ဘဏ်လုပ်ငန်းဆိုင်ရာ နည်းပညာနယ်ပယ်တွင် အလုပ်အကိုင်လမ်းကြောင်း တည်ဆောက်လိုခြင်း၊

စသည့်အချက်များကိုက်ညီပါက Technology ဌာနသည် ၎င်းသူများအတွက် သင့်လျှော်သောဌာနဖြစ်ပါသည်။

လျှောက်ထားလိုသူများအတွက် ရှိရမည့် အရည်အချင်းများမှာ-

  • ငွေပေးချေမှု နည်းပညာအသစ်များ ထွက်ပေါ်လာခြင်းဆိုင်ရာကိစ္စများတွင် အတွေ့အကြုံနှင့် ဗဟုသုတရှိခြင်း၊
  • ပြောင်းလဲမှုဖြစ်စဉ်များကို ထိရောက်ကောင်းမွန်အောင်လုပ်ဆောင်နိုင်ခြင်း၊
  • အချိန်ကို အကျိုးရှိစွာ အသုံးချတတ်ပြီး သတ်မှတ်ထားသော Deadline အမီ အစီအစဉ်များချမှတ်ကာ တာဝန်များကို ပြီးမြောက်အောင်လုပ်ဆောင်နိုင်ခြင်း၊
  • လိုအပ်သောရလဒ်များ ရရှိနိုင်ရန် စီမံခန့်ခွဲမှုပုံစံများကို တက်ကြွစွာ ထောက်ပံ့ပေးနိုင်ပြီး စီမံခန့်ခွဲမှုအလေ့အကျင့်များကို ပါဝင်ဆောင်ရွက်နိုင်ခြင်း တို့ဖြစ်ပါသည်။
Finance

Finance ဌာနမှ ဘဏ်တစ်ခုလုံးရှိ ငွေကြေးအသွားအလာများကို အသေးစိတ်မှအစ စိစစ်ပေးရသော တာဝန်ရှိပါသည်။ အရှုံးအမြတ်ရှင်းတမ်းမှအစ ဌာနခွဲတစ်ခုချင်း၏ ဘဏ္ဍာရေးအခြေအနေများကိုအသေးစိတ် ကြီးကြပ်ပေးရပါသည်။ တာဝန်ရှိသူများအား ဘဏ္ဍာရေးအခြေအနေများကို အကြံဉာဏ်ပေးရုံသာမက အသုံးစရိတ်များလျှော့ချနိုင်ရန်နှင့် ဆုံးရှုံးနိုင်ချေများအား ကာကွယ်နိုင်ရန်ကိုပါ အကြံပြုပေးရပါသည်။ အသုံးစရိတ်နှင့် ဝင်ငွေများအား ကြိုတင်ခန့်မှန်းပေးခြင်းနှင့် ရှယ်ယာပိုင်ရှင်များ၊ အခွန်အာဏာပိုင်များနှင့် စာရင်းစစ်များနှင့်ပါ တိကျသည့်အချက်အလက်များပေးနိုင်ရန် ဆောင်ရွက်ပေးရပါသည်။

ဤဌာနတွင် လုပ်ကိုင်လိုသူများအနေဖြင့်

  • ဘဏ်လုပ်ငန်းနယ်ပယ်တွင် အလုပ်အကိုင်လမ်းကြောင်း တည်ဆောက်လိုခြင်း၊
  • ကိန်းဂဏန်းများဖြင့် အလုပ်လုပ်ရသည်ကို နှစ်သက်ခြင်း၊
  • ပြနာအရှုပ်အထွေးများကို ဖြေရှင်းနိုင်ပြီး ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ရသည်ကို နှစ်သက်ခြင်း၊

စသည့်အချက်များကိုက်ညီပါက Finance Division သည် ၎င်းသူများအတွက် သင့်လျှော်သောဌာနဖြစ်ပါသည်။

လျှောက်ထားလိုသူများအတွက် ရှိရမည့် အရည်အချင်းများမှာ-

  • ဘဏ္ဍာရေးနှင့် ပတ်သက်၍ အခြေခံဗဟုသုတရှိခြင်းနှင့် နားလည်သဘောပေါက်ခြင်း၊
  • ကိန်းဂဏန်းများနှင့် ပက်သက်၍ ပင်ကိုယ်ဉာဏ်ကောင်းမွန်ခြင်း၊
  • ခွဲခြမ်းစိတ်ဖြာနိုင်ခြင်းနှင့် တွေးခေါ်စဉ်းစားနိုင်ခြင်း၊
  • စီမံခန့်ခွဲနိုင်ခြင်းနှင့် ဦးဆောင်လမ်းပြနိုင်ခြင်း စသည်တို့ဖြစ်ပါသည်။
Risk Management

နစ်နာနိုင်ခြေများစိစစ်ခြင်းသည် အရေးကြီးသည့်ကဏ္ဍတစ်ရပ်ဖြစ်သည့်အတွက် ဘဏ်၏ မရှိမဖြစ်သော အစိတ်အပိုင်း တစ်ခုဖြစ်သည်။ ဘဏ္ဍာရေးဆိုင်ရာ အန္တရာယ်များကို ကြိုတင်ကာကွယ်စေပြီး နစ်နာနိုင်ခြေများကို လျှော့ချခြင်း၊ ရှောင်လွှဲခြင်းများ လုပ်ဆောင်နိုင်ရန်ကူညီပံ့ပိုးပေးသည်။ နစ်နာနိုင်ခြေများစိစစ်ခြင်းဌာနသည် ချေးငွေများ ဆုံးရှုံးနိုင်မှုအန္တရာယ်၊ ဈေးကွက်နှင့်လုပ်ငန်းလည်ပတ်ရာတွင် ကြုံတွေ့နိုင်သောအန္တရာယ်များကို ကြီးကြပ်စစ်ဆေးပေးရပါသည်။

ဤဌာနတွင် လုပ်ကိုင်လိုသူများအနေဖြင့်

  • နစ်နာနိုင်ခြေများကို ချင့်ချိန် စီမံရသောနေရာတွင် အလုပ်အကိုင်လမ်းကြောင်း တည်ဆောက်လိုခြင်း၊
  • ကိန်းဂဏန်းများဖြင့် အလုပ်လုပ်ရသည်ကို နှစ်သက်ခြင်း၊
  • ပြဿနာအရှုပ်အထွေးများကို ဖြေရှင်းနိုင်ပြီး ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ရသည်ကို နှစ်သက်ခြင်း၊

စသည့်အချက်များကိုက်ညီပါက Risk Management Division သည် ၎င်းသူများအတွက် သင့်လျှော်သောဌာနဖြစ်ပါသည်။

လျှောက်ထားလိုသူများအတွက် ရှိရမည့် အရည်အချင်းများမှာ-

  • ပတ်ဝန်းကျင်ပေါ်မူတည်၍ ပြဿနာများကို တွေးခေါ်ဖြေရှင်းတတ်ပြီး များစွာသောလုပ်ငန်းတာဝန်များကို တစ်ပြိုင်တည်း လုပ်ဆောင်နိုင်ခြင်း၊
  • ဘဏ်၏ အမျိုးမျိုးသောလုပ်ငန်းတာဝန်များကို လုပ်ဆောင်နိုင်ရန် ကောင်းမွန်သောလူမှုဆက်ဆံရေးရှိခြင်း၊
  • ဘဏ္ဍာရေးဆိုင်ရာကိစ္စများကို ခွဲခြမ်းစိတ်ဖြာစစ်ဆေးပြင်ဆင်နိုင်ပြီး ကောင်းမွန်စွာတင်ပြနိုင်ခြင်း၊
  • စီမံခန့်ခွဲနိုင်ခြင်းနှင့် ဦးဆောင်လမ်းပြနိုင်ခြင်း စသည်တို့ဖြစ်ပါသည်။
Compliance (စည်းကမ်းလိုက်နာထိန်းသိမ်းရေး၊ စောင့်ကြည့်ရေးလုပ်ငန်း)

Compliance သည် ဘဏ်စီးပွားရေးလုပ်ငန်းများအား ပြည်တွင်းပြည်ပ ဥပဒေများ၊ စည်းကမ်းများ၊ မူဝါဒများနှင့်ကိုက်ညီစေရန်လုပ်ဆောင်ပေးပြီး တရားမဝင်သော ကိစ္စများနှင့် ဖြစ်ပေါ်လာသော မသမာမှုများ၊ အလွဲသုံးစားလုပ်မှုများမှ ကာကွယ်ပေးရန် အရေးကြီးသော လုပ်ငန်းတာဝန်များကို ထမ်းဆောင်သော ဌာနဖြစ်ပါသည်။

ဤဌာနတွင် လုပ်ကိုင်လိုသူများအနေဖြင့်

  • ဘဏ်နှင့် ဘဏ္ဍာရေးဆိုင်ရာ ပတ်ဝန်းကျင်တွင် ပြဌာန်းထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အလုပ်အကိုင်တည်ဆောက်လိုခြင်း၊

စသည့် အရည်အချင်းများရှိပါက Compliance Division သည် ၎င်းသူများအတွက် သင့်လျှော်သောဌာနဖြစ်ပါသည်။

လျှောက်ထားလိုသူများအတွက် ရှိရမည့် အရည်အချင်းများမှာ-

  •  လုပ်ဖော်ကိုင်ဖက်များနှင့် လူမှုဆက်ဆံရေးကောင်းမွန်ခြင်း၊
  • Customer များအား ကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်ခြင်း၊
  • စီးပွားရေးအမြင်ရှိခြင်းနှင့် ငွေကြေးအကျိုးအမြတ်ကို နားလည်သဘောပေါက်ခြင်း၊
  • စီမံခန့်ခွဲနိုင်ခြင်းနှင့် ဦးဆောင်လမ်းပြနိုင်ခြင်း၊
  • ဘဏ်၏နာမည်ကောင်းအတွက်ကာကွယ်စောင့်ရှောက်လိုသူများ စသည်တို့ဖြစ်ပါသည်။
Internal Audit (ဘဏ်တွင်း စာရင်းစစ်လုပ်ငန်း)

Internal Audit သည် capital assessment များကို ချင့်ချိန်သော နည်းလမ်းများနှင့် ဘဏ်စနစ်၏အတွင်းပိုင်း ထိန်းချုပ်မှုများကို စောင့်ကြည့်ရသော တာဝန်များကို ဆောင်ရွက်ရပါသည်။ Internal audit တွင် ခိုင်မာသော စည်းကမ်းစနစ်များနှင့် အစီအစဉ်များချမှတ်ခြင်း၊ လိုအပ်သော သတင်းအချက်များကို ရှာဖွေရယူခြင်း၊ ရလဒ်များ၊ အကြံပေးချက်များနှင့် ပြဿနာများကို စောင့်ကြည့်ခြင်းတို့ ပါဝင်ပါသည်။ Internal Audit ၏ ရည်မှန်းချက်မှာ စာရင်းအင်းစနစ်နှင့်ဆိုင်သော သတင်းအချက်အလက်များ၊ ဘဏ္ဍာရေးတင်ပြချက်ရလဒ်များကို ရယူရန်နှင့် ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ မူဝါဒလမ်းစဉ်များပါဝင်သည့်စနစ်၏အရည်အသွေးကို သေချာစေရန် ဖြစ်ပါသည်။

ဤဌာနတွင် လုပ်ကိုင်လိုသူများအနေဖြင့်

  • Audit ပိုင်းတွင် ကျွမ်းကျင်ခြင်း၊
  • ကိန်းဂဏန်းများနှင့် အလုပ်လုပ်နိုင်ခြင်း၊
  • အခက်အခဲများကို လျင်မြန်စွာ ဖြေရှင်းနိုင်ခြင်း။

စသည့်အချက်များကိုက်ညီပါက Internal Audit Division သည် ၎င်းသူများအတွက် သင့်လျှော်သောဌာနဖြစ်ပါသည်။

လျှောက်ထားလိုသူများအတွက် ရှိရမည့် အရည်အချင်းများမှာ-

  • ဘဏ္ဍာရေးတင်ပြချက်များတွင် ကျွမ်းကျင်ခြင်း၊
  • ဘဏ်၏ ဥပဒေ၊ မူဝါဒများနှင့် ပတ်သက်သော ဗဟုသုတရှိခြင်း၊
  • ခွဲခြမ်းစိတ်ဖြာနိုင်ခြင်းနှင့် တွေးခေါ်စဉ်းစားနိုင်ခြင်း၊
  • အတွင်းပိုင်းထိန်းချုပ်မှုဖြစ်စဉ်များကို တိုးမြှင့်တွက်ထုတ်အကောင်အထည်ဖော်ဖန်တီးနိုင်သော ဗဟုသုတရှိခြင်း စသည်တို့ ဖြစ်ပါသည်။
Human Resources

Human Resources ဌာနမှ ဘဏ်တစ်ခုလုံး၏အရေးအကြီးဆုံးအရင်းအမြစ်များထဲမှ တစ်ခုဖြစ်သည့် လူစွမ်းအားအရင်းအမြစ်အားဆွဲဆောင်ခြင်း၊ ပိုမိုတိုးတက်အောင်ပံ့ပိုးပေးခြင်းများအား လုပ်ဆောင်ပေးလျက်ရှိပါသည်။ ဝန်ထမ်းများအားလုံးထံမှ တက်ကြွစွာကူညီပံ့ပိုးပေးရန်လိုအပ်သလို ကျွန်တော်တို့ CB Bank ဘက်မှလည်း ဝန်ထမ်းများ၏ လုပ်ရည်ကိုင်ရည်ပိုမိုကျွမ်းကျင်လာစေရန်နှင့် ရည်ရွယ်ချက်များပြည့်ဝလာစေရန် အခွင့်အလမ်းများ ဖော်ထုတ်ပေးလျှက်ရှိပါသည်။

ဤဌာနတွင် လုပ်ကိုင်လိုသူများအနေဖြင့်

  • အဖွဲ့အစည်းတစ်ခုလုံးရှိ လူအမျိုးမျိုးနှင့် နီးကပ်စွာ အပြန်အလှန်အလုပ်လုပ်ရသည်ကို နှစ်သက်ခြင်း၊
  • ကောင်းမွန်သော လူမှုဆက်ဆံရေးရှိခြင်း၊

စသည့်အချက်များကိုက်ညီပါက Human Resource Division သည် ၎င်းသူများအတွက် သင့်လျှော်သောဌာနဖြစ်ပါသည်။

လျှောက်ထားလိုသူများအတွက် ရှိရမည့် အရည်အချင်းများမှာ-

  • ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး ခိုင်မာသောလူမှုရေးကျွမ်းကျင်မှုရှိခြင်း၊
  • အဖွဲ့အစည်းကို ဦးဆောင်နိုင်စွမ်းရှိခြင်း၊
  • ပင်ကိုယ်အရည်အချင်းရှိပြီး အကောင်းမြင်စိတ်ရှိခြင်းနှင့် ရိုးသားဖြောင့်မတ်ခြင်း၊
  • လူမှုဆက်ဆံရေးကောင်းမွန်ခြင်း၊

စသည့် အရည်အချင်းများရှိပါက Human Resource Division သည် ၎င်းသူများအတွက် သင့်လျှော်သောဌာနဖြစ်ပါသည်။

Corporate Strategy & Development

Corporate Strategy & Development သည် ရှာဖွေမှုများ၊ ပြန်လည်ဆန်းစစ်မှုများ၊ ဗျူဟာချမှတ်ခြင်းများပါဝင်သည့် အစီအစဉ်များကို လုပ်ဆောင်ရသောဌာနဖြစ်ပါသည်။ Strategy Team သည် ပန်းတိုင်ကိုရောက်ရန် လိုအပ်သောနည်းဗျူဟာများကို စတင်အကောင်အထည်ဖော်နိုင်ရန် အထက်ပိုင်းစီမံခန့်ခွဲမှုအဖွဲ့များနှင့် အနီးကပ် လုပ်ဆောင်ရပါသည်။ Business Strategy, Talent Management Strategy, Technology Management Strategy နှင့် Innovation Strategy ကိစ္စများကို အခြားစီးပွားရေးခေါင်းဆောင်များနှင့် အတူတကွ လုပ်ဆောင်ရပါသည်။

Strategy အဖွဲ့ဝင်သည် ဘဏ်ထဲတွင် နည်းပညာနှင့် စီးပွားရေးဆိုင်ရာအတွေ့အကြုံများ၊ ဗဟုသုတများနှင့် MBA Degree ရရှိထားသူများ ပါဝင်ပါသည်။ တခါတရံ ကျောင်းပြီးခါစ ပညာရေးနောက်ခံကောင်းရှိသူများကိုလည်း လက်ခံပါသည်။

ဤဌာနတွင် လုပ်ကိုင်လိုသူများအနေဖြင့်

  • အထွေထွေကျွမ်းကျင်သူ၊
  • အချိတ်အဆက်မိမိ ဆောင်ရွက်နိုင်သူ၊
  • ကိန်းဂဏန်းများကို ချစ်ခင်သူ၊
  • Project များကို တပြိုင်နက်ကိုင်တွယ်နိုင်သူ၊
  • ဖိအားများအောက်တွင် အလုပ်လုပ်နိုင်သူ၊
  • ပိုမိုကောင်းမွန်သောအခြေအနေများကို ဖန်တီးပြောင်းလဲနိုင်စွမ်းရှိသူ ဖြစ်ပါက Corporate Strategy & Development သည် ၎င်းသူများအတွက် သင့်လျှော်သောဌာနဖြစ်ပါသည်။