Our Community Support

Our Community Support

လူသားခြင်းစာနာပံ့ပိုးမှုများ

CB Bank မှ ကျပ် (၁၂၅,၄၅၀,၀၀၀)တိတိ ကို COVID-19 အတွက် ကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာ ရန်ပုံငွေ ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားတွင် ပါ၀င်လှူဒါန်း
ယနေ့ (၂၀၂၀)ခုနှစ်၊ မတ်လ၊ (၂၁)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ အားကစားနှင့် ကာယသိပ္ပံပညာ၏ ပြည်ထောင်စုခန်းမတွင် ကျင်းပပြုလုပ်သော Coronavirus Disease (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ရန်ပုံငွေ၊ ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အာကစား၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် သက်ဆိုင်ရာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်အသီးသီးနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် CB Bank ၏ Executive Vice Chairman & CEO ဖြစ်သူ ဦးကျော်လင်းမှ တက်ရောက်၍ လှူဒါန်းရာငွေသား ကျပ်သိန်း တစ်ထောင်နှင့်တကွ ICU Ventilator ( Intensive Care Ventilator & Patient Monitor ) တစ်စုံနှင့် High Flow Therapy Unit စက်တစ်စုံ စုစုပေါင်း ကျပ်သိန်းတစ်ထောင့်နှစ်ရာ့ ငါးဆယ့်လေးသိန်း ငါးသောင်း (၁၂၅,၄၅၀,၀၀၀)တိတိ ကို လှူဒါန်းခဲ့ပါသည်။
CB Bank မိသားစု၏ လှူဒါန်းခြင်းသည် CB Bank ၏ မိသားစု၀င်များ၊ CB Bank ၏ Customer များနှင့် မိဘပြည်သူတို့၏ လှူဒါန်းခြင်းပင်ဖြစ်ပါသဖြင့် ဝမ်းမြောက်ဝမ်းသာ ပီတိဖြစ်ပေါ်စေရန် အသိပေးဖော်ပြအပ်ပါသည်။
CB - KMA Foundation မှ တောင်ငူခရိုင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီသို့ ကုသရေးဆိုင်ရာ ဆေးပစ္စည်းများလှူဒါန်းခြင်းနှင့် မြန်မာနိုင်ငံ သဘင်ပညာအစည်းရုံး (ဗဟို) သို့ ငွေကျပ်သိန်း (၁,၅၀၀)လှူဒါန်းခြင်း
(၂၀၂၀ )ခုနှစ်၊ ဧပြီလ (၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် တောင်ငူခရိုင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီထံသို့ CB - KMA Foundation ဥက္ကဌ နှင့် CB Bank ဥက္ကဌ ဦးခင်မောင်အေး၏ စီစဉ်လမ်းညွှန်မှုဖြင့် CB - KMA Foundation မှ ငွေကျပ်သိန်း (၃၁၅)/-သိန်းခန့်တန်ဖိုးရှိ PPE ဝတ်စုံ - (Medical Protective Clothing-Lakeland) အစုံ(၉၀၀) စုံ၊ မျက်မှန် (Medical Safety Glasses-Soft) အလက် (၅၆၇)လက် နှင့် ခြေစွပ် (Medical Safety Boots -Jin Rong) အစုံ (၂၃၃)စုံ အစရှိသည်တို့ကို ဒုတိယအကြိမ်အဖြစ် ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို တောင်ငူမြို့နယ်၊ ပြည်သူ့ဆေးရုံအုပ်ကြီး ခန်းမတွင် ပေးအပ်လှူဒါန်းခဲ့ပါသည်။
ထို့အပြင် CB-KMA Foundation မှ တောင်ငူခရိုင်အတွင်းရှိ ရေတာရှည်မြို့နယ်၊ ထန်းတပင် မြို့နယ်၊ ဖြူးမြို့နယ်၊ ကျောက်ကြီးမြို့နယ်၊ အုတ်တွင်းမြို့နယ်များမှ ဆေးရုံများအတွက် တစ်ခါသုံးခွဲစိတ်ခန်းသုံး ဝတ်စုံ အထည် (၄၇၀)ထည်၊ လက်အိတ် အစုံ (၂,၀၀၀) စုံ၊ Mask အခု(၁,၅၀၀)ခု များကို (၂၂.၄.၂၀၂၀)ရက်နေ့တွင် လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။
ထို့အတူ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၄)ရက်တွင်လည်း CB - KMA Foundation ဥက္ကဌ နှင့် CB Bank ဥက္ကဌ ဦးခင်မောင်အေး၏ စီစဉ်လမ်းညွှန်မှုဖြင့် CB-KMA Foundation မှ မြန်မာနိုင်ငံသဘင် အစည်းအရုံး (ဗဟို) သို့ စုစုပေါင်း လှူဒါန်းငွေ ကျပ်သိန်းပေါင်း (၁,၅၀၀) ကို CB-KMA Foundation ကိုယ်စား ဒေါ်ဥမ္မာအေး (CB Bank ) မှ မြန်မာနိုင်ငံသဘင် အစည်းအရုံး (ဗဟို) သို့ သွားရောက်လှူဒါန်းပေးအပ်ခဲ့ပါသည်။ ထိုသို့လှူဒါန်းရာတွင် သဘင်အနုပညာရှင်ပေါင်း (၂၂,၀၀၀) ကျော်၏ ဆန်၊ ဆီ၊ ဆားနှင့် ပဲ အစရှိသော ရိက္ခာများ အတွက် လှူဒါန်းငွေ ငွေကျပ်သိန်းပေါင်း (၁,၃၀၀)/- နှင့် မြန်မာနိုင်ငံ သဘင်သည်များ၏ “ပိုသူလှူ လိုသူကူ“ အစီအစဉ်အတွက် မတည်လှူဒါန်းငွေ ငွေကျပ်သိန်းပေါင်း (၂၀၀) ထည့်ဝင်လှူဒါန်းပါသည်။ COVID-19 ကြောင့် စားဝတ်နေရေး ခက်ခဲနေသည့် သဘင်ပညာရှင်မိသားစုများအတွက် အထောက်အကူ ဖြစ်စေရန် ကူညီထောက်ပံ့ပေးသည့်အနေဖြင့် လှူဒါန်းပေးခဲ့ခြင်းဖြစ်ပါသည်။
CB Bank မှ ဝေဘာဂီဆေးရုံတွင် COVID-19 အတွက် ကြိုတင်ကာကွယ် မှူလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံး ပြုရန် လိုအပ်သော ဆေး နှင့် ဆေးရုံသုံးပစ္စည်းများ ၀ယ်ယူရန် ကျပ်သိန်း (၁၀၀) တိတိ လှူဒါန်း
ယနေ့ (၂၀၂၀)ခုနှစ်၊ မတ်လ၊ (၆)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီဆေးရုံ သို့
CB Bank ၏ ဒါရိုက်တာ ဒေါ်မေမိုးမြင့် နှင့် ဌာနတာ၀န်ခံများ သွားရောက်၍ ဝေဘာဂီဆေးရုံ တွင် COVID-19အတွက် ကြိုတင်ကာကွယ်မှူလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် လိုအပ်သော ဆေးနှင့် ဆေးရုံသုံးပစည်းများ ၀ယ်ယူအသုံးပြုနိုင်စေရန် ရည်ရွယ်ချက်ဖြင့် CB Bank မှ ငွေကျပ် (၁၀၀)သိန်းတိတိ အား သွားရောက် လှူဒါန်းခဲ့ရာ ဝေဘာဂီဆေးရုံအုပ်ကြီး Dr.အေးအေးအောင် ၊ ဆေးရုံအုပ် Dr. အေးမိုးသက်မြင့် နှင့် ဆေးရုံရှိ တာ၀န်ရှိ ပုဂ္ဂိုလ်များမှ လှူဒါန်းငွေအား လက်ခံရယူခဲ့ပါသည်။
ထို့နောက် CB Bank ၏ ဒါရိုက်တာ ဒေါ်မေမိုးမြင့် မှ လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြပြီးနောက် ဝေဘာဂီဆေးရုံအုပ်ကြီး Dr.အေးအေးအောင်မှ ယခုလိုလှူဒါန်းမှူအတွက် ကျေးဇူးတင်စကားကို ပြန်လည်ပြောကြားခဲ့ပြီး အမှတ်တရ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။
CB Bank မိသားစု၏ လှူဒါန်းခြင်းသည် CB Bank ၏ မိသားစု၀င်များ၊ CB Bank ၏ Customer များ နှင့် မိဘပြည်သူ တို့၏ လှူဒါန်းခြင်းပင်ဖြစ်ပါသဖြင့် ဝမ်းမြောက်ဝမ်းသာ ပီတိဖြစ်ပေါ်စေရန် အသိပေးဖော်ပြအပ်ပါသည်။
မိဘမဲ့ကလေးများအာဟာရဒါနနှင့် ပညာရေးဘက်စုံဆောင်ရွက်ချက်များ

ပညာရေးသည်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည်ကို CB Bank မှ နားလည်သဘောပေါက်သည့်အလျောက် အနာဂတ်မျိုးဆက်သစ်များကို ကောင်းမွန်သော ပညာရေးသင်ကြားပေးခြင်းဖြင့် ၎င်းတို့အား နိုင်ငံသားကောင်းများ၊ ဝန်ထမ်းကောင်းများ၊ အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်များအဖြစ် ပေါ်ထွန်းလာစေရန် CB Bank မှ CSR လုပ်ငန်းများဖြင့် အထောက်အပံ့ပြုလျက်ရှိပါသည်။

မျိုးဆက်သစ်များအတွက် အနာဂတ်တွင် လူကျင့်ဝတ်နားလည်သောမျိုးဆက်များ ဖြစ်လာစေရန်အတွက် ပညာရေးထောက်ပံ့မှုများ၊ လှူဒါန်းမှုများ၊ အသိပညာဗဟုသုတ ကြွယ်ဝစေရန် ဆောင်ရွက်လျက်ရှိပါသည်။ ကျောင်းသားလူငယ်များ၏ ဝါသနာကို ပံ့ပိုးကူညီထောက်ပံ့ပေးသော အခန်းကဏ္ဍမှလည်း ပါဝင်ကူညီဆောင်ရွက်လျက်ရှိပါသည်။ CB Bank မှ ကလေးသူငယ်များ၏ ပညာရေးအတွက် အထောက်အပံ့များပေး၍ လိုအပ်သည်များ ပံ့ပိုးပေးရန် ရည်ရွယ်ထားသည့်အပြင် ဆင်းရဲခြင်း ပပျောက်စေရန်နှင့် ပညာရေးအားဖြင့် ချို့တဲ့သောကလေးများအား ၎င်းတို့ဘဝရည်မှန်းချက်များ အရည်အချင်းပြည့်မီတိုးတက်စေရန် CB Bank မှ ကြိုးစားထောက်ပံ့ပေးလျက်ရှိပါသည်။

ပတ်ဝန်းကျင် ထိန်းသိမ်းခြင်း

CB Bank သည် လိုအပ်နေသော စီးပွားရေးလုပ်ငန်းများကို ကောင်းမွန်သော စိတ်စေတနာဖြင့် ငွေများထုတ်ချေးခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းများကို တိုးတက်အောင်ဆောင်ရွက်ပေးခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု Project များတွင်လည်း ထောက်ပံ့ဆောင်ရွက်ပေးပြီး မိမိကိုယ်တိုင်လည်း သစ်ပင်စိုက်ပျိုးခြင်း၊ စက္ကူသုံးစွဲမှု လျှော့ချခြင်းတို့ဖြင့် အားပေးဆောင်ရွက်လျက်ရှိပါသည်။

ဘဏ်၏ နေ့စဉ်လုပ်ငန်းများတွင်လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုပါ ထည့်သွင်းစဉ်းစားရန် ဝန်ထမ်းများကိုလည်း တိုက်တွန်းဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု တည်ဆောက်ရာတွင်လည်း တဖက်တလမ်းမှ အကျိုးပြုကူညီဆောင်ရွက်လျက်ရှိပါသည်။

ဥပမာ- ရုံးစာများပုံနှိပ်ရာတွင် စာမျက်နှာနှစ်ဖက်လုံးအသုံးပြုခြင်း၊ CB ဘဏ်ဝန်ထမ်းများအနေဖြင့် အလုပ်ချိန်အတွင်း လျှပ်စစ်ဓါတ်အားသုံးစွဲမှုကို အတတ်နိုင်ဆုံးလျှော့ချသုံးစွဲခြင်း၊ အလုပ်ဆင်းချိန်များတွင်မရှိမဖြစ်မှလွဲ၍ ကျန်သောလျှပ်စစ်မီးများအားပိတ်ထားခြင်း၊ ဘဏ်မှအသုံးပြုသော မော်တော်ယာဉ်များကို Smart Transportation ယာဉ်လမ်းကြောင်းစနစ်မှတစ်ဆင့် ထိန်းချုပ်အသုံးပြုစေခြင်းဖြင့် လောင်စာဆီအသုံးပြုမှုကို တတ်နိုင်သမျှလျှော့ချခြင်း စသည်တို့ကို မူဝါဒတစ်ရပ်အဖြစ် ချမှတ်အကောင်အထည်ဖော်လျက်ရှိပါသည်။  လုပ်ငန်းပိုင်းဆိုင်ရာအတွက်သာမက စီးပွားဖက်များနှင့် သုံးစွဲသူများကိုလည်း Electronic Banking System များကို ဝန်ဆောင်မှုပေးခြင်းနှင့် အသုံးပြုရန်တိုက်တွန်းခြင်း စသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုများကို အရှိန်တိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့်လည်း CB Bank အနေဖြင့် (၂၀၁၄) ခုနှစ်တွင် သမာရိုးကျ ငွေစုစာအုပ်များအသုံးပြုရန် မလိုအပ်သော မြန်မာနိုင်ငံ၏ ပထမဆုံး e-saving accounts ဝန်ဆောင်မှုကို စတင်မိတ်ဆက်ပေးခဲ့ရာ စာရေးစက္ကူအသုံးပြုမှုကို သိသိသာသာလျှော့ချနိုင်ခဲ့ပါသည်။

လူမှုအဖွဲ့အစည်းများတွင် ကူညီထောက်ပံ့အားပေးခြင်း

CB Bank သည် မိမိပတ်ဝန်းကျင်တွင် အကူအညီလိုအပ်သူအားလုံးအတွက် အမြဲကူညီဆောင်ရွက်နေသကဲ့သို့ ပြည့်စုံမှုမရှိသောလူငယ်များအနေဖြင့် မိမိတို့၏စွမ်းအားများကို ဖော်ထုတ်ပြသခွင့်ရစေရန် အခွင့်အရေးပေးခြင်းတွင်လည်း အခြားသောအဖွဲ့အစည်းများနှင့် ပူးပေါင်းလက်တွဲကူညီ ထောက်ပံ့အားပေးလျက်ရှိပါသည်။

မြန်မာနိုင်ငံ၏ အားကစားကဏ္ဍကိုလည်း တိုးတက်လာစေရန်ရည်ရွယ်၍ ကျောင်းသားလူငယ်များ၏ အားကစားကဏ္ဍတွင်လည်း ပါဝင်အားပေးကူညီမှုများကို ဆောင်ရွက်လျက်ရှိပါသည်။

မိမိပတ်ဝန်းကျင်တွင် အကြောင်းအမျိုးမျိုးကြောင့် ဆင်းရဲဒုက္ခခံစားနေရသူများကို လိုအပ်သောအကူအညီများ ထောက်ပံ့ပေးသည့်အပြင် ငလျင်ဒဏ်သင့်ပြည်သူများ၊ မီးဘေးဒုက္ခသည်များနှင့် အခြားလိုအပ်နေသူအားလုံး၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိပါသည်။ သဘာဝအန္တရာယ် ကာကွယ်မှုများတွင်လည်း ပူးပေါင်းပါဝင်ကူညီဆောင်ရွက်နေသကဲ့သို့ အခါအားလျော်စွာ သွေးလှူဒါန်းခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။