Overview of Our Business

Overview of Our Business
Consumer Banking

Consumer Banking အတွက် ကျွန်တော်တို့သည် အမြဲဆိုသလို ဖောက်သည်များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ပြီး လူနေမှုဘဝ၏ တစ်စိတ်တစ်ပိုင်းတွင်ပါဝင်လာမည့် ဘဏ်ဝန်ဆောင်မှုအသစ်များကို မိတ်ဆက်ပေးလျက်ရှိပါသည်။  CB Bank ၏ ဖောက်သည်များသည် ဒီဂျစ်တယ်ဝန်ဆောင်မှုများကို အလွယ်တကူ ရရှိနိုင်သည့်အတွက် ဘဏ်ကိုအမြဲဆိုသလို လာနေဖို့ မလိုတော့ပါဘူး။ မြန်မာနိုင်ငံသည် လူငယ်များစွာရှိသည့်အတွက် သူတို့၏ လူနေမှုပုံစံများနှင့် လိုက်ရောညီထွေသည့် ဘဏ်လုပ်ငန်းများကို ဖော်ဆောင်ပေးလျက်ရှိပြီး ဘဏ်များကို ပျင်းစရာကောင်းသော နေရာများမဖြစ်စေရအောင်ပြောင်းလဲနေပါသည်။ Digital Touchpoint များနှင့် Omnichannel Solutions များဖြင့် ဘဏ်အတွေ့ အကြုံကိုပြောင်းလည်းရန် ကြိုးပမ်းနေပါသည်။

Prestige Banking

Prestige clients များသည် တစ်ဦးနှင့် တစ်ဦး၏ ဘဏ္ဏာရေးဝန်ဆောင်မှု လိုအပ်ချက်များမှာ ကွဲပြားခြားနားကြပါသည်။ ၎င်းတို့၏ လိုအပ်ချက်များအတိုင်း ဝန်ဆောင်မှုများ ထိထိရောက်ရောက် ပေးဆောင်နိုင်ရန် လိုအပ်ပါသည်။ CB Bank မှ အဆိုပါ Client များ အတွက် Concierge Service များ၊ အထူး ဘဏ်ဝန်ဆောင်မှုများကို Client များ၏ လိုအပ်ချက် နှင့် အညီ ပေးဆောင်နေပါသည်။ Relationship Manager များထားရှိကာ Prestige Customer များ အတွက် ဘဏ်လုပ်ငန်း သာမက အခြားသော ဝန်ဆောင်မှုများကို 24/7 hotline ဝန်ဆောင်မှု ဖြင့် ဆောင်ရွက်ပေးနေပါသည်။ Clients များနှစ်သက်စေမည့် ပိုမိုကောင်းမွန်သော အခွင့်အရေးများနှင့် အကျိုးခံစားခွင့် များကို ဆောင်ရွက်ပေးလျှက် ရှိပါသည်။

SME Banking

မြန်မာနိုင်ငံ၏ ၉၀ ရာခိုင်နှုန်းသော လုပ်ငန်းများသည် SME များဖြစ်သည့်အတွက် SME များကို ထောက်ပံပေးခြင်းသည် မြန်မာနိုင်ငံ တိုးတက်ရေးကိုများစွာအထောက်အကူပြုမည် ဟုယုံကြည်ပါသည်။ CB Bank သည် SME Department ကိုဖွဲ့စည်းထားပြီး မြန်မာနိုင်ငံတွင် ပထမဆုံးသော SME Centers များကို ဖွင့်လှစ်ထားပါသည်။ ထို Centers များသည် SME များကို ချေးငွေများချေးပေးခြင်း၊ အကြံညဏ်များပေးခြင်း စသော ဝန်ဆောင်မှုအများအပြားကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ CB Bank သည် KfW Bank, JICA, Myanma Insurance စသော ပြည်တွင်းပြည်ပအဖွဲ့ အစည်းများနှင့် ပူးပေါင်းကာ အပေါင်ပစ္စည်းလိုသော ချေးငွေများ နှင့် အပေါင်ပစ္စည်းမလိုသော ချေးငွေများကို ထုတ်ချေးပေးလျက်ရှိပါသည်။ CB Bank သည် မြန်မာနိုင်ငံတွင်ပထမဆုံးသော ဘဏ်အဖြစ် KfW မှ SME Loan Models များပေးရန် ရွေးချယ်ခြင်းခံရခဲ့ရပါသည်။ Frankfurt School of Finance and Management မှလည်း Consultancy များရရှိပြီး cash-flow based lending ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့သည် SME များတိုးတက်အောင်မြင်လာဖို့အတွက် တစ်စိုက်မတ်မတ်လုပ်ဆောင်လျက်ရှိပြီး ဝန်ဆောင်မှုအသစ်များပေးအပ်ကာ အဖွဲ့အစည်းများစွာနှင့်လည်း ပူးပေါင်းကာလုပ်ဆောင်သွားမည်ဖြစ်ပါသည်။

Corporate Banking

Corporates များသည် sectors ပေါင်းစုံတွင်ရှိသည့်အတွက် လိုအပ်ချက်များမှာ တစ်ခုနှင့်တစ်ခု မတူနိုင်ပေ။ သူတို့အတွက် ဘဏ်နှင့် ငွေရေးကြေးရေးကိစ္စများအတွက် သီးသန့်ဝန်ဆောင်မှုပေးနိုင်မည့် လူများကိုလည်းလိုအပ်ပါသည်။ CB Bank ၏ Relationship Managers များသည်  Corporate Customers များအတွက် ဝန်ဆောင်မှုပေးနိုင်ရန် အသင့်ရှိနေပါသည်။ နိုင်ငံခြားကုမ္ပဏီများ မြန်မာနိုင်ငံကို ဝင်ရောက်လာသည့်အခါတွင် အဆိုပါ ကုမ္ပဏီများသည် လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် ဘဏ်များကို ရှာဖွေကြပါသည်။ ပြည်တွင်းရှိ ကုမ္ပဏီများ၏ ဘဏ်လုပ်ငန်းဆိုင်ရာလိုအပ်ချက်များသည်လည်း ပိုမို၍ ခတ်မှီလာပါသည်။ နိုင်ငံတစ်ကာအသိုင်းအဝိုင်းနှင့် ပေါင်းစည်းရာတွင် ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် CB Bank သည် Core Banking System ၊ Mobile Banking ၊ Internet Banking များတွင်ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်သည်သာမက နည်းပညာနှင့် ဝန်ဆောင်မှုပိုင်းဆိုင်ရာများတိုးတက်ရေးအတွက် အရည်အချင်းနှင့် ပြည့်စုံသော ဝန်ထမ်းများကိုလည်း ခေါ်ယူလျက်ရှိပါသည်။ CB Bank သည်မြန်မာနိုင်ငံတွင် ထင်ရှားသည့် ကုမ္ပဏီများအတွက် Cash Management Solutions, International Trade Services, Treasury Services  အစရှိသော ဝန်ဆောင်မှုများပေးနေသည့်အပေါ်တွင်များစွာဝမ်းသာ ဂုဏ်ယူမိပါသည်။