Our HR Philosophy

Our HR Philosophy

လူ့စွမ်းအားအရင်းအမြစ်၏ ဒဿန

CB Bank ၏ ရည်မှန်းချက်မှာ မြန်မာနိုင်ငံတွင် အကောင်းဆုံးသော ဘဏ္ဍာရေးဆိုင်ရာ အကြံဉာဏ်များနှင့် နောက်ဆုံးပေါ် ခေတ်မီနည်းစနစ်များနှင့်အတူ ဝန်ဆောင်မှုများပေးသော ဘဏ်ကြီးတစ်ခု ဖြစ်လာစေရန်နှင့် CB Bank ၏ ဝန်ထမ်းများအားလုံး ဂုဏ်ယူရသော အဖွဲ့အစည်းတစ်ခု ဖြစ်ရန် ဖြစ်ပါသည်။ 

အထက်ပါ ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်အတွက် CB Bank သည် အောက်ပါအချက်အလက်များကို အလေးထားပြီး လက်တွေ့ကျင့်သုံးလျက်ရှိပါသည်။

  • ဝန်ထမ်းများအတွက် လေ့လာသင်ယူနိုင်ပြီး ဝန်ထမ်းတစ်ဦးချင်းစီ၏ လုပ်သက်တစ်လျှောက် တိုးတက်မှုကို မြေတောင်မြှောက်ပေးသော လုပ်ငန်းခွင် ဖန်တီးပေးရန်။
  • ဝန်ထမ်းများ၏ တိုးတက်အောင်မြင်မှုနှင့် CB Bank ၏ အောင်မြင်မှု အတွက် လိုအပ်သော ဝန်ထမ်းများ၏ စွမ်းရည်တည်ဆောက်ပျိုးထောင်မှုအဖြစ် လိုအပ်သော သင်တန်းများ ပို့ချခြင်း နှင့် စွမ်းဆောင်ရည် တိုးမြှင့်မှု အစီအစဉ်များကို ဖော်ဆောင်ရန်။
  • ဒစ်ဂျစ်တယ်ဘဏ် ဖြစ်ပေါ်လာရေး  မဟာဗျူဟာ ချမှတ်ထားသည့်အတိုင်း ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို ကြိုတင်ပြင်ဆင်ရန်။
  •  ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့် အကြံပြုချက်များအတွက် ထိုက်တန်သော အသိအမှတ်ပြုမှုများ၊ ပိုမိုကောင်းမွန်သော ဆက်သွယ်ရေးနည်းလမ်းများနှင့် သင့်တော်သောအကြံပြုချက်များကို အပြန်အလှန်ပေးပြီး လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများ၏ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားရန်။
  • ဝန်ထမ်းများ ပျော်ရွှင်အဆင်ပြေစွာ တာဝန်ထမ်းဆောင်နိုင်ရေးနှင့် သန့်ရှင်းသပ်ရပ်သော၊ လုံခြုံစိတ်ချရသော၊ ဝန်ထမ်းများအချင်းချင်း အပြန်အလှန် လေးစားမှုရှိသော လုပ်ငန်းခွင်အခြေအနေကိုဖန်တီးပေးရန်။
  • မတူညီသော လုပ်ငန်းဌာနများကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်သော၊ ဝန်ထမ်းများ၏ လုပ်ငန်းခွင်နှင့် လုပ်ငန်းခွင်ပြင်ပ အချိန်များ မျှတစွာရရှိစေရန်နှင့် ဝန်ထမ်းများ၏ ယုံကြည်မှု၊ စိတ်အားထက်သန်မှုများကို တိုးတက်စေသော အပြုသဘောဆောင်သည့် လုပ်ငန်းခွင် အခြေအနေကို ဖန်တီးပေးရန်။
  • ဘဏ်မှ ဆောင်ရွက်နေသော လုပ်ငန်းများနှင့်မိမိ ပတ်ဝန်းကျင်အတွက် အကျိုးပြုလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ခြင်းအားဖြင့် လုပ်ဖော်ကိုင်ဖက်များနှင့် မိမိတို့ပတ်ဝန်းကျင်အတွက် ကောင်းမွန်သော အပြောင်းအလဲများ ဖန်တီးပေးရန်။