Our Journey

Our Journey

CB Bank သည် မြန်မာနိုင်ငံတွင် အကြီးဆုံးသော ပုဂ္ဂလိကဘဏ် များထဲမှတစ်ခုဖြစ်ပါသည်။ စတင်တည်ထောင်ခဲ့သည့် အချိန်မှစ၍ CB Bank သည် ဝန်ထမ်းပေါင်း (၃၃) ယောက်မှ ဝန်ထမ်းပေါင်း (၉၀၀၀) ကျော်အထိ တိုးချဲ့ခန့်ထားနိုင်ခဲ့ပြီဖြစ်ပါသည်။ CB Bank ဖောက်သည်များ၏ ပုဂ္ဂိလ်ရေးဆိုင်ရာ၊ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များနှင့် အံဝင်ခွင်ကျဖြစ်အောင် စီမံထားသည့် ဘဏ်ဝန်ဆောင်မှုများကို Corporate များ၊ SME များနှင့် Retail Customer များအတွက် အကောင်းဆုံး ပေးဆောင်နေပါသည်။    

CB Bank ၏ Corporate client များအတွက် Corporate Loans, Corporate Finance & Advisory, Syndicated Loans, Security Agency Services, Project Financing, International Trade, POS Services, API and Network Integration, Cash Management, Treasury, Internet Banking, Mobile Banking, Payroll Services အစရှိသည့် ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။ 

SME (အသေးစားနှင့် အလတ်စား) လုပ်ငန်းရှင်များအတွက် အာမခံပစ္စည်းထားရန် လိုသောချေးငွေနှင့် အာမခံပစ္စည်းထားရန် မလိုသောချေးငွေများကို CB Bank မှဝန်ဆောင်မှုပေးလျက်ရှိပါသည် ။ JICA, KfW Bank, Myanma Insurance  အစရှိသော ပြည်တွင်း၊ ပြည်ပ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လက်တွဲကာ SME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ပေးနေပါသည်။

CB Bank Retail Customers များအတွက် CB Bank သည် Digital နည်းပညာများကိုအသုံးပြုပြီး သမာရိုးကျလုပ်ရိုးလုပ်စဉ်များထက် သာလွန်ကောင်းမွန်သော ဝန်ဆောင်မှုများကို ပေးလျက်ရှိပါသည်။ CB Bank မှ Retail Customers များအတွက် Mobile Banking၊ Internet Banking၊ ဘဏ်စာရင်းများ၊ ချေးငွေများ၊ နိုင်ငံတစ်ကာတွင် အသုံးပြုနိုင်သော Debit Cards ၊ Credit Cards များ အစရှိသည့် ဝန်ဆောင်မှုများအပြင် Customer တစ်ဦးချင်းစီ၏ လိုအပ်ချက်များနှင့် အံဝင်ခွင်ကျဖြစ်စေရမည့် ဘဏ်ဝန်ဆောင်မှုများအား လုပ်ဆောင်ပေးနေပါသည်။