Invest in CB Bank

Invest in CB Bank

CB Bank တွင်ရင်းနှီးမြှပ်နှံပါ။

CB Bank သည်အများပိုင်ကုမ္ပဏီဖြစ်သည်နှင့်အညီ ရှယ်ယာရှင်များသည် အရေးပါဆုံးအခန်းကဏ္ဍတစ်ရပ်တွင် ပါဝင်ကူညီအားဖြည့်ပေးနေသည်မှာ အသေအချာပင်ဖြစ်ပါသည်။ ရှယ်ယာရှင်များ၏ အားပေးကူညီမှုမပါဝင်ဘဲ CB Bank အနေဖြင့် ယခုကဲ့သို့ခိုင်မာစွာတည်ရှိနေနိုင်ပြီး အောင်မြင်မှုများရရှိနိုင်မည်မဟုတ်ပါ။ ရှယ်ယာရှင်များအား CB Bank တွင်ယုံကြည်စိတ်ချစွာ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်နိုင်ရန်၊ ရေရှည်လက်တွဲဖော်ဆောင်ရမည့် လုပ်ငန်းစဉ်များတွင် စိတ်ချမှုအပြည့်ရှိစေရန်နှင့် နှစ်ဦးနှစ်ဖက်ကြား ဆက်ဆံရေးကို ခိုင်မာစွာတည်ရှိစေရန် ရှယ်ယာရှင်များအတွက် သတင်းအချက်အလက်များ မှန်ကန်တိကျစွာ ဖော်ထုတ်ပြသခြင်းဖြင့် ယုံကြည်မှုတည်ဆောက်ရန်မှာ အလွန်ပင်အရေးကြီးကြောင်း CB Bank မှ သိရှိနားလည်ထားပါသည်။

CB Bank အနေဖြင့် ဘဏ်နှင့်ပတ်သက်ဆက်နွယ်သူများအားလုံး သာမက ရှယ်ယာရှင်များ၏ အကျိုးစီးပွားကာကွယ်ရန်အတွက် ဘဏ်လုပ်ငန်းတစ်ခုလုံးဆိုင်ရာ စီမံခန့်ခွဲမှု မူဝါဒများနှင့်  နစ်နာနိုင်ချေများကာကွယ်ရေး မူဝါဒများကို စနစ်တကျ ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။

Contact :

ဒေါ်မြင့်မြင့်ဝင်း

Head of Investor Relations

share@cbbank.com.mm, myintmyintwin@cbbank.com.mm