Our Mission and Vision

Our Mission and Vision
Mission

Customer များနှင့် လုပ်ဖော်ကိုင်ဖက်များ၏ ရည်မှန်းချက်များကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်မည့် အကောင်းဆုံးသော ဘဏ္ဍာရေးဝန်ဆာင်မှုလုပ်ငန်း ဖြစ်ရမည်ဟု CB Bank အနေဖြင့်ခံယူထားပါသည်။

CB Bank သည် 

  • တစ်ဦးချင်း Customer များအတွက် - မိမိတို့၏ ရင်းနှီးမြှပ်နှံမှုများကို စိတ်ချယုံကြည်စွာအပ်နှံထားနိုင်သော ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်ပြီး ဘဝရည်မှန်းချက်များရရှိအောင် အကောင်းဆုံးသော ဝန်ဆောင်မှုများဖြင့် ကူညီဆောင်ရွက်ပေးနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။
  • စီးပွားရေးလုပ်ငန်းရှင်များအတွက် - လုပ်ငန်းများပိုမိုကောင်းမွန်စွာလည်ပတ်ရေးနှင့် လုပ်ငန်းသစ်ချဲ့ထွင်မှုများအတွက် လိုအပ်သောနည်းလမ်းများစွာကို အကောင်းဆုံး ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပါသည်။
  • လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများအတွက် - CB Bank တွင်အလုပ်လုပ်ခြင်းဖြင့် သင်ယူလေ့လာမှုနှင့် စဉ်ဆက်မပြတ် မိမိတို့၏အရည်အချင်းကိုမြှင့်တင်နိုင်ပြီး ဘဝအောင်မြင်မှုများဆွတ်ခူးနိုင်သော အဖွဲ့အစည်းကောင်းတစ်ခု ဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
  • အစုရှယ်ယာရှင်များအတွက် - CB Bank တွင်ရင်းနှီးမြုပ်နှံခြင်းဖြင့် အနာဂါတ်တွင် စိတ်ချရသော၊ ရေရှည်ခိုင်မြဲသော အကျိုးအမြတ်ကောင်းများကို ပေးအပ်သွားနိုင်မည့် ဘဏ်ဖြစ်လာစေရန် ခံယူထားပါသည်။
Vision

CB Bank သည် မြန်မာနိုင်ငံအတွင်းတွင် အကောင်းဆုံးသော ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် Customer များ၏လိုအပ်ချက် စိတ်ကူးအိပ်မက်များကို အကောင်အထည်ဖော်ဆောင်ရွက်ပေးပြီး အာဆီယံအသိုက်အဝန်း၏ ဘဏ္ဍာရေးဝန်ဆောင်မှု အခန်းကဏ္ဍတွင် ခိုင်မာသော အဖွဲ့အစည်းတစ်ခု ဖြစ်ရန် ပုံဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် CB Bank သည် 

  • ခိုင်မာစွာပြဌာန်းထားသော Risk Management နှင့် Corporate Governance တို့အပေါ် အခြေခံဦးတည်လျက်
  • ဝန်ထမ်းများအတွက် ဂုဏ်ယူဝင့်ကြွားနိုင်သော လုပ်ငန်းခွင်ကိုဖန်တီးပေးပြီး
  • ဆန်းသစ်သော နည်းပညာများတွင် ဦးဆောင်နိုင်မှုနှင့်
  • Customer များအတွက် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်မှုတို့ကြောင့်ရေရှည်လက်တွဲ လုပ်ဆောင်လိုသော အဖွဲ့အစည်းအဖြစ် ရပ်တည်ပေးသွားမည်ဖြစ်ပါသည်။