Creating value for our stakeholders

Creating value for our stakeholders
ဖောက်သည်များ

ဖောက်သည်များသည် CB Bank နောက်တစ်ဆင့်ကိုတက်လမ်းနိုင်ရန် လမ်းစဉ်တွင် အရေးကြီးသော နေရာမှပါဝင်ပါသည်။ ဖောက်သည်များ၏ လိုအပ်မှုများ၊ လူနေမှုစနစ်များနှင့်လိုက်ရောညီထွေအောင် ဘဏ်ဝန်ဆောင်မှုများပေးနေပါသည်။ ကျွန်တော်တို့၏ဖောက်သည်များသည် ဒီဂျစ်တယ် ဝန်ဆောင်မှုများကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာသည်ကိုတွေ့ကြရပါသည်။ ကျွန်တော်တို့သည် ဒီဂျစ်တယ် နည်းပညာများကိုအသုံးပြုပြီး သမာရိုးကျလုပ်ရိုးလုပ်စဉ်များထက် သာလွန်ကောင်းမွန်သော ဝန်ဆောင်မှုများကို ပေးလျက်ရှိပါသည်။

ဖောက်သည်များအတွက်ထားရှိသည့်စံနှုန်းများ

သမာသမတ်ကျခြင်း - ပရော်ဖက်ရှင်နယ်ဆန်သောလုပ်ဆောင်ချက်များ

ကျွန်တော်တို့သည် ဖော်သည်များအပေါ်ဝန်ဆောင်မှုပေးရာတွင် တရားမျှတစွာ၊ သမာသမတ်ကျစွာ၊ လေးစားစွာဖြင့် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။ ကျွန်တော်တို့သည် ဖောက်သည်များအတွက် အကောင်းဆုံးသော ဘဏ်ဝန်ဆောင်မှုများကို ပေးသွားမည်ဖြစ်ပြီး ကျင့်ဝတ်မှန်ကန်စွာ ပရော်ဖက်ရှင်နယ် အဆင့်မှီစွာ၊ ပွင့်လင်းမြင်သာစွာလုပ်ဆောင်သွားမည် ဖြစ်ပါသည်။

တစ်စိုက်မတ်မတ်လုပ်ဆောင်ပေးခြင်း - မျှော်လင့်ချက်များထက်ပိုမိုလုပ်ဆောင်ပေးခြင်း

ဘဏ်ဝန်ဆောင်မှုများကို ဘဏ်ဖွင့်ချိန်နှင့် ဘဏ်အဆောက်အအုံတွင်သာမက လိုအပ်သည်ကို နားလည်သဘောပေါက်ပါသည်။ ဖောက်သည်များနှင့်အတူ အေးအတူပူအမျှ ရှိနေရန်ကတိပေးပါသည်။ ဖောက်သည်များလိုအပ်သည့် အချိန်တိုင်း အသင့်ရှိနေရန် ကြိုးပမ်းလျက်ရှိပါသည်။ ကျွန်တော်တို့၏ customer service channels များသည် ၂၄နာရီ ဖွင့်လှစ်ထားပြီး မျှော်လင့်ထားသော ဝန်ဆောင်မှုများထက်ပိုသော ဝန်ဆောင်မှုများ လုပ်ဆောင်ပေးနိုင်ရန်အစဉ်ကြိုးပမ်းနေပါသည်။

အခက်အခဲများကို လျှင်မြန်စွာဖြေရှင်းနိုင်ခြင်း - အတူတကွ ကျော်လွှားခြင်း

ကျွန်တော်တို့၏ Relationship Managers များနှင့် အခြား specialists များသည် လူကြီးမင်းတို့နှင့် အတူ အောင်မြင်မှုများရရှိရန် လက်တွဲလုပ်ဆောင်သွားပါမည်။ ကျွန်တော်တို့သည် ဖောက်သည်များ၏အတွေ့အကြုံနှင့် feedback ကိုနားထောင်၍ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန် ကြိုးပမ်းနေပါသည်။

တီထွင်ဖန်တီးမှုများ - ဒီဂျစ်တယ်ဖန်တီးမှုများ

ဖောက်သည်များ၏ လူနေမှုပုံစံများနှင့်လိုက်ရောညီထွေသော ဝန်ဆောင်မှုများပေးရန်နှင့် ခတ်မှီသော ဝန်ဆောင်မှုများပေးနိုင်ရန် ဒီဂျစ်တယ်နည်းပညာများကို တိုးတက်အောင်လုပ်ဆောင်နေပါသည်။ နောက်ဆုံးပေါ်နည်းပညာများကိုအသုံးချပြီး အကောင်းဆုံးသော ဝန်ဆောင်မှုများပေးနိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။

လုပ်ဖော်ကိုင်ဘက်များ

ကျွန်တော်တို့၏ Vision နှင့် Mission ကိုအောင်မြင်စွာလုပ်ဆောင်နိုင်ဖို့ ဝန်ထမ်းများ၏ တစ်စိုက်မတ်မတ် အားထုတ်မှုလိုပါသည်။ ကျွန်တော်တို့၏ Mission နှင့် တန်ဖိုးများအရ လေ့လာသင်ယူမှုအားပေးသာ၊ ဖွံ့ဖြိုးမှုကိုအားပေးသော အလုပ်ခွင်ဖြစ်ရန် ဖန်တီးထားပါသည်။ နေ့တိုင်းတွင် မနေ့ကထက် ပိုမိုသာလွန်အောင် ကြိုးပမ်းနေပါသည်။ ကျွန်တော်တို့၏ ဝန်ထမ်းများ လေ့လာသင်ယူနိုင်အောင်နှင့် အတူလက်တွဲဆောင်ရွက်နိုင်အောင် CB Bank မှအစီအစဉ်များချမှတ်ပြီး ဆောင်ရွက်နေပါသည်။

တူညီသော ရည်မှန်းချက်

ကျွန်တော်တို့သည် အောင်မြင်မှုများ အခက်အခဲများကို အတူတကွရင်ဆိုင်ပြီး ဘဏ်တိုးတက်လာသည်နှင့်အမျှ အသိုင်းအဝိုင်းအတွက် ပြန်လည်ထောက်ပံ့ပါသည်။ ကျွန်တော်တို့သည် ဝန်ထမ်းများအား ပူးပေါင်းကာ ဆောင်ရွက်ဖို့ကို ပြိုင်ဆိုင်မှုထက်ပို၍ အားပေးပါသည်။

အဓိပ္ပါယ်ရှိသော အလုပ်များ

ဝန်ထမ်းများ၏ ဖန်တီးမှုနှင့် ဘဝတွင် တန်းဖိုးများမြှင့်တင်ခြင်းဖြင့် အဓိပ္ပါယ်ရှိသောအလုပ်များ ဖြစ်ပေါ်လာစေရန် ဆောင်ရွက်လျက်ရှိပါသည်။

သင်ကြားမှုနှင့် ဖွံ့ဖြိုးရန်နေရာ

ကျွန်တော်တို့၏ လုပ်ငန်းခွင်များသည် သင်ကြားမှုနှင့် ဖွံ့ဖြိုးရန် အတွက်ဖန်တီးထားပါသည်။ ကျွန်တော်တို့သည် သင်ယူလေ့လာမှုကို အထောက်အကူပြုရန်အတွက် သင်တန်းများ မတူကွဲပြားသော ဌာနများတွင်လုပ်ကိုင်စေခြင်း စသောအစီအစဉ်များကို အားပေးလုပ်ဆောင်နေပါသည်။

စည်းလုံးခြင်းနှင့် ပူးပေါင်းလုပ်ဆောင်မှု

CB Bank တွင် ဝန်ထမ်းများကြားစည်းလုံးခြင်းနှင့် ပူးပေါင်းလုပ်ဆောင်မှုကိုသာ အားပေးသည်သာမက လုပ်တွဲဖော်ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း အသိပညာဖလှယ်ခြင်းကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

အသိုင်းအဝိုင်းများ

အသိုင်းအဝိုင်းကိုပြန်လည်ထောက်ပံ့ရန်လွန်စွာအရေးကြီးသည်ဟု CB Bank မှယုံကြည်ပါသည်။ ငွေကြေးထောက်ပံ့ခြင်း၊ ဘေးအန္တရာယ် ကြုံတွေ့ခံစားရသော ပြည်သူများကို ကူညီခြင်း၊ sponsorship များ CSR campaign များအားလုံးတွင် CB Bank ဝန်ထမ်းများအားသွန်ခွန်စိုက်ပါဝင် လုပ်ဆောင်ကြပါသည်။ ကျွန်တော်တို့သည် ဝန်ဆောင်မှုများပေးသည့် နေရာတွင်လည်း အားလုံးပါဝင် ဆောင်ရွက်နိုင်သော ဝန်ဆောင်မှုများနှင့် လက်တစ်ကမ်းတွင် လွယ်ကူစွာ ရရှိနိုင်စေသော ဝန်ဆောင်မှုများ ဖြစ်အောင်ဆောင်ရွက်ပေးနေပါသည်။ CB Bank သည် အောင်မြင်မှုများရရှိခဲ့ပြီး ဖောက်သည်များနှင့် အသိုင်းအဝိုင်းတို့အတွက် အကောင်းဆုံးလုပ်ဆောင်နိုင်ရေးသည် အရေးအကြီးဆုံးနေရာမှပါဝင်နေမည် ဖြစ်ပါသည်။