Business

Business

စီးပွားရေးပိုင်းဆိုင်ရာ

Consumer Banking

Retail Banking (သို့) Personal Banking အဖြစ်လည်း ခေါ်ဝေါ်သော Consumer Banking ဌာနအောက်တွင် ဘဏ်ခွဲများအား စီမံခန့်ခွဲခြင်း၊ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများအား ဝန်ဆောင်မှုပေးခြင်း၊ ဝန်ဆောင်မှုအသစ်များဖန်တီးခြင်းများ ပါဝင်ပါသည်။ ငွေစုစာရင်းဖွင့်ခြင်း၊ Current အကောင့်ဖွင့်ခြင်း၊ Credit cards၊ ချေးငွေ၊ အိမ်ရာချေးငွေစသည့်ဝန်ဆောင်မှုများအပြင် အခြားသောဝန်ဆောင်မှု အများအပြားကိုလည်း ဝန်ဆောင်မှုပေးနေသော ဌာနဖြစ်ပါသည်။

ဤဌာနတွင် လုပ်ကိုင်လိုသူများအနေဖြင့်

  • ဘဏ်လုပ်ငန်းနယ်ပယ်တွင် အလုပ်အကိုင်လမ်းကြောင်း တည်ဆောက်လိုခြင်း၊
  • အလျင်အမြန် ပြောင်းလဲဖွံ့ဖြိုးနေသော လုပ်ငန်းပတ်ဝန်းကျင်တွင် အလုပ်လုပ်ရသည်ကို ကြိုက်နှစ်သက်ခြင်း၊
  • Customer များနှင့် ထိတွေ့ဆက်ဆံရသည်ကို သဘောကျခြင်း၊

စသည့်အချက်များကိုက်ညီပါက Consumer Banking ဌာနသည် ၎င်းသူများအတွက် သင့်လျှော်သောဌာနဖြစ်ပါသည်။

လျှောက်ထားလိုသူများအတွက် ရှိရမည့် အရည်အချင်းများမှာ-

  • ဘဏ္ဍာရေးနှင့် ပတ်သက်၍ အခြေခံဗဟုသုတရှိခြင်းနှင့် နားလည်သဘောပေါက်ခြင်း၊
  • ဖိအားများအောက်တွင် အလုပ်လုပ်နိုင်ခြင်း၊
  • Customer Service နှင့် အခြားစပ်ဆက်လျက်ရှိသော နယ်ပယ်များတွင် အတွေ့အကြုံရှိခြင်း၊
  • စီးပွားရေးအမြင်ရှိခြင်းနှင့် ငွေကြေးအကျိုးအမြတ်ကို နားလည်သဘောပေါက်ခြင်း၊
  • လုပ်ဖော်ကိုင်ဖက်များ၊ ဖောက်သည်များနှင့် ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး ခိုင်မာသော လူမှုဆက်ဆံရေး တည်ဆောက်နိုင်ခြင်း၊
  • ရေတို/ရေရှည် ပြောင်းလဲမှုများကို လိုက်လျောညီထွေစွာ လုပ်ဆောင်နိုင်ခြင်း၊
  • ခေါင်းဆောင်မှု စွမ်းရည်ရှိခြင်း၊
  • ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်၍ ဖြစ်ပေါ်လာသောပြဿနာများကို ဖြေရှင်းနိုင်ခြင်း စသည်တို့ဖြစ်ပါသည်။
SME Banking

SME Banking ဌာနသည် မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းများ၏ ၉၀% ဖြစ်သော အသေးစားနှင့်အလတ်စားစက်မှုလက်မှုလုပ်ငန်းများအား ဘဏ်အကောင့်ဖွင့်ခြင်းမှစ၍ International Trade ဝန်ဆောင်မှုများ၊ ချေးငွေဝန်ဆောင်မှုများပါ ဝန်ဆောင်မှုပေးနေသောဌာန ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ အသေးစားနှင့်အလတ်စားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ပထမဦးဆုံးသော အာမခံပစ္စည်းပေးရန်မလိုသည့်ချေးငွေ CGI အစီအစဉ်ကို မြန်မာ့အာမခံလုပ်ငန်းနှင့် အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနတို့နှင့် ပူးပေါင်းဖော်ဆောင်ခဲ့ပါသည်။

ဤဌာနတွင် လုပ်ကိုင်လိုသူများအနေဖြင့်

  • ဘဏ္ဍာရေးပိုင်းတွင် အလုပ်အကိုင်လမ်းကြောင်း တည်ဆောက်လိုခြင်း၊
  • အလျင်အမြန် ပြောင်းလဲဖွံ့ဖြိုးနေသော လုပ်ငန်းပတ်ဝန်းကျင်တွင် အလုပ်လုပ်ရသည်ကို ကြိုက်နှစ်သက်ခြင်း၊
  • Customer များနှင့် ထိတွေ့ဆက်ဆံရသည်ကို သဘောကျခြင်း၊

စသည့်အချက်များကိုက်ညီပါက SME Banking ဌာနသည် ၎င်းသူများအတွက် သင့်လျှော်သောဌာနဖြစ်ပါသည်။

လျှောက်ထားလိုသူများအတွက် ရှိရမည့် အရည်အချင်းများမှာ-

  • Credit Analysis ကဲ့သို့သော ဘဏ္ဍာရေးနှင့် ပတ်သက်၍ အခြေခံဗဟုသုတရှိခြင်းနှင့် နားလည်သဘောပေါက်ခြင်း၊
  • Consulting နှင့် အခြားဆက်စပ်လျက်ရှိသော နယ်ပယ်များတွင် အတွေ့အကြုံရှိခြင်း၊
  • ဖိအားများအောက်တွင် အလုပ်လုပ်နိုင်ခြင်း၊
  • စီးပွားရေးအမြင်ရှိခြင်းနှင့် ငွေကြေးအကျိုးအမြတ်ကို နားလည်သဘောပေါက်ခြင်း၊
  • လုပ်ဖော်ကိုင်ဖက်များ၊ ဖောက်သည်များနှင့် ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး ခိုင်မာသော လူမှုဆက်ဆံရေး တည်ဆောက်နိုင်ခြင်း၊
  • ရေတို/ရေရှည် ပြောင်းလဲမှုများကို လိုက်လျောညီထွေစွာ လုပ်ဆောင်နိုင်ခြင်း၊
  • ခေါင်းဆောင်မှု စွမ်းရည်ရှိခြင်း၊
  • ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်၍ ဖြစ်ပေါ်လာသည့် ပြဿနာများကို ဖြေရှင်းနိုင်ခြင်း စသည်တို့ဖြစ်ပါသည်။
Corporate Banking (လုပ်ငန်းကြီးများ ဘဏ်လုပ်ငန်းဝန်ဆောင်မှု)

Corporate Banking ဌာနသည် အကြီးစားကုမ္ပဏီများနှင့် နိုင်ငံခြားကုမ္ပဏီများအား ကာလတို ကာလရှည် ချေးငွေပေးခြင်း၊ ငွေကြေးစီမံခန့်ခွဲမှုဝန်ဆောင်မှုများ၊ ကုန်သွယ်ရေးနှင့် နိုင်ငံတကာငွေပေးချေရေးဝန်ဆောင်မှုများကို ပြုလုပ်ပေးနေသောဌာန ဖြစ်ပါသည်။

ဤဌာနတွင် လုပ်ကိုင်လိုသူများအနေဖြင့်

  • ဘဏ်လုပ်ငန်းဆိုင်ရာ နယ်ပယ်တွင် အလုပ်အကိုင်လမ်းကြောင်း တည်ဆောက်လိုခြင်း၊
  • အလျင်အမြန်ပြောင်းလဲဖွံ့ဖြိုးနေသော လုပ်ငန်းပတ်ဝန်းကျင်တွင် အလုပ်လုပ်ရသည်ကို ကြိုက်နှစ်သက်ခြင်း၊
  • ပြဿနာအရှုပ်အထွေးများကို ဖြေရှင်းရသည်ကိုနှစ်သက်ခြင်း၊

စသည့်အချက်များကိုက်ညီပါက Corporate Banking ဌာနသည် ၎င်းသူများအတွက် သင့်လျှော်သောဌာနဖြစ်ပါသည်။

လျှောက်ထားလိုသူများအတွက် ရှိရမည့် အရည်အချင်းများမှာ-

  • Presentation အား English ဘာသာစကား ဖြင့် ရေးသားခြင်း၊ ပြောဆိုခြင်းများ ပြုလုပ်နိုင်ခြင်း၊
  • အဖွဲ့အစည်းနှင့် လုပ်ဆောင်နိုင်ခြင်း၊
  • အခက်အခဲများကို လျှင်မြန်စွာ ဖြေရှင်းနိုင်ခြင်း။
  • Sales၊ Accounting၊ Business (သို့မဟုတ်) Finance and Banking ပိုင်းတွင် အတွေ့အကြုံရှိခြင်း၊
  • Credit Analysis ကဲ့သို့သော ဘဏ္ဍာရေးနှင့် ပတ်သက်၍ နားလည်သဘောပေါက်ခြင်း၊
  • ဘာသာစကားများ တတ်မြောက်ခြင်း စသည်တို့ဖြစ်ပါသည်။
Financial Institutions (ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်း)

Financial Institutions ဌာနသည် ပြည်တွင်းဘဏ်များနှင့်သာမက ပြည်ပဘဏ်များနှင့်ပါဆက်ဆံရေး ပိုမိုခိုင်မာလာစေရန် ဆောင်ရွက်ပေးရသည့် ဌာနဖြစ်ပါသည်။

ဤဌာနတွင် လုပ်ကိုင်လိုသူများအနေဖြင့်

  • ဘဏ္ဍာရေးဈေးကွက်တွင် ခိုင်မာသောအဆက်အသွယ်များတည်ဆောက်လိုခြင်း၊
  • အလျင်အမြန်ပြောင်းလဲ ဖွံ့ဖြိုးနေသော လုပ်ငန်းပတ်ဝန်းကျင်တွင် အလုပ်လုပ်ရသည်ကို ကြိုက်နှစ်သက်ခြင်း၊

စသည့်အချက်များကိုက်ညီပါက Financial Institutions ဌာနသည် ၎င်းသူများအတွက် သင့်လျှော်သောဌာနဖြစ်ပါသည်။

လျှောက်ထားလိုသူများအတွက် ရှိရမည့် အရည်အချင်းများမှာ-

  • ဘဏ္ဍာရေးဆိုင်ရာ ဗဟုသုတများနှင့် အမျိုးမျိုးသောဘဏ္ဍာရေးစနစ် အခြေခံများအား နားလည်သဘောပေါက်ခြင်း၊
  • လူမှုပတ်ဝန်းကျင်တွင် ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ခြင်း၊
  • လုပ်ဖော်ကိုင်ဖက်များ၊ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများကြားတွင် ခိုင်မာသော ဆက်ဆံရေး တည်ဆောက်နိုင်ခြင်း၊
  • English ဘာသာစကားဖြင့် ရေးသားခြင်း၊ ပြောဆိုခြင်းများတွင် ကျွမ်းကျင်ခြင်း၊
  • လိုက်လျောညီထွေစွာ ပေါင်းသင်းဆက်ဆံတတ်ခြင်း စသည်တို့ဖြစ်ပါသည်။    
Transaction Banking

Transaction Banking ဌာနသည် ဘဏ်ဝန်ဆောင်မှုများကိုအသုံးပြုနေသည့် ကုမ္ပဏီများနှင့် အခြားကြီးမားသော Corporations တို့၏ ငွေကြေးစီးဆင်းမှုကို ထိထိမိမိ စီမံခန့်ခွဲနိုင်ရန် ငွေကြေးစီမံခန့်ခွဲမှု ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေသည့်ဌာနဖြစ်ပါသည်။ CB Bank ၏ အဆင့်မြင့်နည်းပညာသုံး ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကြောင့် အချိန်နှင့်တစ်ပြေးညီ ငွေကြေးစီးဆင်းမှုပမာဏကို စောင့်ကြည့်စီမံနိုင်ပါသည်။

ဤဌာနတွင် လုပ်ကိုင်လိုသူများအနေဖြင့်

  • နည်းပညာအသစ်များကို အမီလိုက်နိုင်သူဖြစ်ခြင်း၊
  •  အခက်အခဲများကို လျှင်မြန်စွာ ဖြေရှင်းနိုင်ခြင်း၊
  • ဘဏ်လုပ်ငန်းဆိုင်ရာ နယ်ပယ်တွင် အလုပ်အကိုင်လမ်းကြောင်း တည်ဆောက်လိုခြင်း၊

စသည့်အချက်များကိုက်ညီပါက Transaction Banking ဌာနသည် ၎င်းသူများအတွက် သင့်လျှော်သောဌာနဖြစ်ပါသည်။

လျှောက်ထားလိုသူများအတွက် ရှိရမည့် အရည်အချင်းများမှာ-

  • ဘဏ္ဍာရေး၊ စီးပွားရေးနှင့် ပတ်သက်၍ အခြေခံဗဟုသုတရှိခြင်းနှင့် နားလည်သဘောပေါက်ခြင်း၊
  • ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများနှင့် ခိုင်မာသော လူမှုဆက်ဆံရေး တည်ဆောက်နိုင်ခြင်း၊
  • ပြဿနာများကို စိစစ်ဖြေရှင်းနိုင်ခြင်း၊
  • တက်ကြွစွာပါဝင်နိုင်ခြင်း၊
  • စီးပွားရေးအမြင်ရှိပြီး ငွေကြေးအကျိုးအမြတ်ဆိုင်ရာကိစ္စရပ်များကို ကိုင်တွယ်နိုင်ခြင်း စသည်တို့ဖြစ်ပါသည်။
International Trade & Payment Services Division

International Trade & Payment Services ဌာနမှ ပို့ကုန်နှင့် သွင်းကုန်တို့အတွက် ငွေပေးချေခြင်း၊ ငွေလက်ခံရယူခြင်းနှင့် ကုန်သွယ်ရေးအတွက်လိုအပ်သော ချေးငွေထုတ်ပေးခြင်းတို့ကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်လာပြီး ကမ္ဘာ့စီးပွားရေးဈေးကွက်သို့ ချိတ်ဆက်လုပ်ကိုင်လာသည်နှင့်အမျှ International Trade Service သည် စီးပွားရေးလောကတွင် အလွန်အရေးပါလာပါသည်။ International Trade & Payment Services Division သည် Corporate and SME Banking တို့နှင့် နီးကပ်စွာ တွဲဖက်လုပ်ကိုင်ရသော အဖွဲ့အစည်းဖြစ်ပါသည်။   

ဤဌာနတွင် လုပ်ကိုင်လိုသူများအနေဖြင့် 

  • ကုန်သွယ်မှု (သို့မဟုတ်) ဘဏ္ဍာရေး နယ်ပယ်တွင် အလုပ်အကိုင်လမ်းကြောင်း တည်ဆောက်လိုခြင်း၊
  • ကုန်သွယ်မှုဆိုင်ရာ ဗဟုသုတများ ရှိခြင်း၊
  • နိုင်ငံတကာ ဘဏ္ဍာရေးဈေးကွက်နှင့် ထိတွေ့မှုရှိခြင်း၊

စသည့်အချက်များကိုက်ညီပါက International Trade & Payment Services ဌာနသည် ၎င်းသူများအတွက် သင့်လျှော်သောဌာနဖြစ်ပါသည်။

လျှောက်ထားလိုသူများအတွက် ရှိရမည့် အရည်အချင်းများမှာ-

  • Stakeholder များနှင့် ခိုင်မာသော ဆက်ဆံရေး တည်ဆောက်နိုင်ခြင်း၊
  • Customer များအား ကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်ခြင်း၊
  • စီးပွားရေးအမြင်ရှိခြင်းနှင့် ငွေကြေးအကျိုးအမြတ်ကို နားလည်သဘောပေါက်ခြင်း၊
  • စီမံခန့်ခွဲခြင်း (သို့မဟုတ်) ဦးဆောင်လမ်းပြခြင်းတွင် အတွေ့အကြုံရှိခြင်း၊
  • အမျိုးမျိုးသော ဘဏ်လုပ်ငန်းဆိုင်ရာ Product များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိခြင်း စသည်တို့ဖြစ်ပါသည်။
Treasury Services

Treasury ဌာနအနေဖြင့် ဘဏ်တွင်းငွေသားစီးဆင်းမှုနှင့် ငွေဖြစ်လွယ်မှုတို့အား ဟန်ချက်ညီစေရန် စီမံခန့်ခွဲပေးရပါသည်။ ထို့အပြင် အခြားရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရာတွင်လည်းကောင်း၊ နိုင်ငံခြားငွေများအား စီမံခန့်ခွဲရာတွင်လည်းကောင်း၊ အစိုးရငွေတိုက်စာချုပ်များဝယ်ယူရောင်းချရာတွင်လည်းကောင်း အစီအမံကောင်းများချမှတ်ပေးနေရသည့် ဌာနလည်းဖြစ်ပါသည်။ ဌာနအား ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများနှင့် ဆက်ဆံရသည့် အပိုင်း၊ ချမှတ်ထားသည့်စည်းကမ်းများနှင့် ကိုက်ညီခြင်းရှိ/မရှိ နှင့် ဆုံးရှုံးနိုင်ချေများအား စီမံခန့်ခွဲသည့်အပိုင်းနှင့် ငွေကြေးရောင်းဝယ်မှုများကို ပြုလုပ်ပေးရသည့်အပိုင်းဟူ၍ သုံးပိုင်းခွဲခြားထားပါသည်။

ဤဌာနတွင် လုပ်ကိုင်လိုသူများအနေဖြင့်

  • နိုင်ငံတကာ ဘဏ္ဍာရေးဈေးကွက်နှင့် ထိတွေ့မှုရှိခြင်း။
  • Customer များအား ကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်ခြင်း။
  •  အခက်အခဲများကို လျင်မြန်စွာ ဖြေရှင်းနိုင်ခြင်း။

စသည့်အချက်များကိုက်ညီပါက Treasury Services ဌာနသည် ၎င်းသူများအတွက် သင့်လျှော်သောဌာနဖြစ်ပါသည်။

လျှောက်ထားလိုသူများအတွက် ရှိရမည့် အရည်အချင်းများမှာ-

  • ကိုယ်ပိုင်တွေးတောကြံဆနိုင်စွမ်းရှိခြင်းနှင့် စိတ်အားထက်သန်မှုရှိခြင်း၊
  • ကိန်းဂဏန်းများနှင့် ပက်သက်၍ ပင်ကိုယ်ဉာဏ်ကောင်းမွန်ခြင်း၊
  • ငွေပေးချေမှု နည်းပညာများ ထွက်ပေါ်လာခြင်းဆိုင်ရာကိစ္စများနှင့် ဘဏ္ဍာရေးဈေးကွက်တွင် ဗဟုသုတရှိခြင်း၊
  • လူမှုဆက်ဆံရေးကောင်းမွန်ခြင်း စသည်တို့ဖြစ်ပါသည်။
Card & Merchant Services Division

CB Bank သည် ပမာဏများပြားသော ငွေပေးချေမှုများအတွက် ငွေသားများစွာ သယ်ဆောင်စရာမလိုသော နိုင်ငံတကာ အဆင့်မီ Debit နှင့် Credit Card များကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးစတင် မိတ်ဆက်ပေးခဲ့ပါသည်။ Card & Merchant ဌာနသည် Debit  ကတ် နှင့် Credit ကတ်များအား စီမံခန့်ခွဲရပြီး နိုင်ငံတကာကတ်စီမံခန့်ခွဲမှု ကုမ္ပဏီများဖြစ်သည့် VISA ၊ Mastercards ၊ UPI နှင့် JCB များနှင့် အတူပူးပေါင်းဆောင်ရွက်ရသည့် ဌာနဖြစ်သည့်အပြင် စီးပွားရေးလုပ်ငန်းရှင်များအတွက် ငွေပေးချေမှုနည်းလမ်းကောင်းများကိုလည်း ဝန်ဆောင်မှုပေးနေရသည့် ဌာနဖြစ်ပါသည်။

ဤဌာနတွင် လုပ်ကိုင်လိုသူများအနေဖြင့်   

  • ရှေ့ရေးအတွက် ကြိုတင်ရင်ဆိုင်တွေးတော၍ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခြင်း၊
  • လွယ်လွယ်အရှုံးမပေးဘဲ အမြဲသင်ယူလိုစိတ်ရှိခြင်း၊
  • Customer များနှင့် ထိတွေ့ဆက်ဆံပြောဆိုရသည်ကို နှစ်သက်ခြင်း၊

စသည့်အချက်များကိုက်ညီပါက Card & Merchant Services Division ဌာနသည် ၎င်းသူများအတွက် သင့်လျှော်သောဌာနဖြစ်ပါသည်။

လျှောက်ထားလိုသူများအတွက် ရှိရမည့် အရည်အချင်းများမှာ-

  • English နှင့် Myanmar ဘာသာစကားဖြင့် ရေးသားခြင်း၊ ပြောဆိုခြင်းပြုလုပ်၍ ခိုင်မာသောဆက်ဆံရေး တည်ဆောက်ရာတွင် ကျွမ်းကျင်ခြင်း၊
  • ငွေပေးချေမှု နည်းပညာများ ထွက်ပေါ်လာခြင်းဆိုင်ရာကိစ္စများနှင့် Credit/Risk ချင့်ချိန်ဆုံးဖြတ်မှုများတွင် အတွေ့အကြုံရှိခြင်း၊
  • ကတိတာဝန်များအားထိန်းသိမ်းနိုင်သည့်အပြင် အခြားသူများ၏ ယုံကြည်မှုရရှိပြီး လူအများအား လေးစားသမှုဖြင့် ဆက်ဆံတတ်သော တွေးခေါ်မှုကောင်းမွန်သည့် အဖွဲ့ဝင်တစ်ယောက်ဖြစ်ခြင်း၊
  • အဖွဲ့အစည်းတွင် စာရိတ္တကောင်းမွန်ပြီး စိတ်အားထက်သန်စွာအဖွဲ့အစည်းနှင့် လုပ်ကိုင်နိုင်စွမ်းရှိခြင်း စသည်တို့ဖြစ်ပါသည်။