
ကုန်သွယ်ရေးကဏ္ဍသည် ခေတ်မှီနည်းပညာနှင့် အရှိန်အဟုန်ကြီးမြင့်စွာ တိုးတက်လျှက်ရှိပါသည်။ CB Bank အနေဖြင့် မြန်မာ့ထိပ်တန်းနည်းပညာဘဏ်အဖြင့် ဦးဆောင်လျက်ရှိပြီး အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဝန်ဆောင်မှုများကို ပေးလျက်ရှိပါသည်။ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များအတွက် ကုန်သွယ်မှုလုပ်ငန်းများအား အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ရန် အောက်ဖော်ပြပါကုန်သွယ်ရေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေပါသည်။
- ပို့ကုန်၊ သွင်းကုန် ဝန်ဆောင်မှုများနှင့် ကုန်သွယ်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ရယူခြင်း
- ပို့ကုန်၊ သွင်းကုန် ငွေလွှဲစာရွက်စာတမ်းနှင့်ဆိုင်သော ကိစ္စရပ်များ
- ပြည်ပမှ ငွေလွှဲများဝင်ရောက်ခြင်း နှင့် ပြည်ပသို့ ငွေလွှဲများပေးပို့ခြင်း
- CB BANK အနေဖြင့် Trade စင်တာများ ကို အချက်အချာကျသော နေရာများ တွင် ဝန်ဆောင်မှုပေးလျှက် ရှိပါသည်။
ရန်ကုန်၊ မန္တလေး၊ မူဆယ်၊ မြဝတီ၊ ကော့သောင်း မြို့များတွင် Trade Centers များ တည်ဆောက်ထားပြီး နိုင်ငံတကာ ဘဏ်များနှင့် တွဲဖက်လုပ်ကိုင်လျက် ရှိပါသည်။