
၂၀၂၄ ခုနှစ် ၊ စက်တင်ဘာလ (၁၄) ရက်နေ့မှစတင်၍ CB Bank မှ ရေဘေးကျရောက်သည့် ဒေသများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ပံ့ပိုးကူညီ လှူဒါန်းရန်အတွက် စုစုပေါင်း ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်၍ လှူဒါန်းပေးလျက်ရှိရာ ကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးစခန်းများ၊ ပရဟိတ အသင်းများ၊ ကြက်ခြေနီအသင်းများ နှင့် လိုအပ်သည့်နေရာများသို့ အလှူငွေများ၊ စက်လှေများ၊ အစားအသောက်များ၊ ဆေးဝါးများ စသည်တို့ကို နေ့စဉ်လှူဒါန်းပေးလျက်ရှိပါသည်။
ဆက်လက်၍လည်း ရေဘေးကျရောက်သည့် လိုအပ်နေသည့် ဒေသများထံသို့ လိုအပ်သည်များအား လှူဒါန်းပေးသွားပေးမည်ဖြစ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်လည်း ပါဝင်ကူညီ လှူဒါန်းသွားမည်ဖြစ်ပါသည်။