𝐂𝐁 𝐁𝐚𝐧𝐤 နှင့် 𝐍𝐌𝐀 𝐂𝐨𝐥𝐥𝐞𝐠𝐞 တို့ နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခြင်း အခမ်းအနား ကျင်းပပြုလုပ်

𝐂𝐁 𝐁𝐚𝐧𝐤 နှင့် 𝐍𝐌𝐀 𝐂𝐨𝐥𝐥𝐞𝐠𝐞 တို့ နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခြင်း အခမ်းအနား ကျင်းပပြုလုပ်

၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့၊ သိမ်ဖြူလမ်း နှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ CB Bank ရုံးချုပ် UFC Tower ၌ CB Bank နှင့် NMA College တို့၏ နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ CB Bank PCL မှ အမှုဆောင်အရာရှိချုပ် နှင့် တာဝန်ရှိလူကြီးများ၊ NMA College မှ ဦးလင်းမြတ်ကို - အမှုဆောင်အရာရှိချုပ် နှင့် တာဝန်ရှိသူများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်၍ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။

ထို့နောက် NMA College ၏ Queen of the Year ပွဲအတွက် ပဏာမရွေးချယ်ထားသည့် ကျောင်းသူများမှ CB Bank ၏ Prestige Banking နှင့် Smart Branch များသို့ လေ့လာရေးအနေဖြင့် သွားရောက်လည်ပတ်ကြည့်ရှုခဲ့ကြပါသည်။