
ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်ကို ကိုယ်တိုင်သွားရောက် ကြည့်ရှုဖို့ဆိုတာ ဘောလုံးဝါသနာရှင်တိုင်းရဲ့ စိတ်ကူးထဲကအိပ်မက် ဖြစ်ပါတယ်။ ဒီအိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ CB Bank ကနေ (၂၀၂၆) နှစ်သစ်ကူးလက်ဆောင်အဖြစ် စီစဉ်ပေးထားတာလေး တစ်ခုရှိပါတယ်။ ဒါကတော့ (၂၀၂၆) ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်ကို ကနေဒါနိုင်ငံမှာ ကိုယ်တိုင်သွားရောက်ကြည့်ရှုနိုင်မဲ့ "Road to FIFA World Cup 26" Campaign အစီအစဉ်ပါ။
ဒီ Campaign အစီအစဉ်မှာ ကံအကောင်းဆုံး ကံထူးရှင်တစ်ဦးကို ရွေးချယ်သွားမှာ ဖြစ်တဲ့အတွက် ကံထူးရှင်အနေနဲ့ ရရှိနိုင်မဲ့ ဆုလက်ဆောင်တွေကိုလဲ ဖော်ပြလိုက်ပါတယ်။
"Road to FIFA World Cup 26" Campaign Winner အတွက် ဆုလက်ဆောင်များ
ကံထူးရှင်အနေနဲ့ ကနေဒါနိုင်ငံမှာ ကျင်းပပြုလုပ်မဲ့ ကမ္ဘာ့ဖလားပွဲစဉ်ကြည့်ရှုခွင့်ကို လူနှစ်ဦးစာ ရရှိမှာဖြစ်သလို ဗီဇာကိစ္စအတွက်လဲ CB Bank က ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ခရီးစဉ်တလျှောက်လုံး သက်သောင့်သက်သာ အပန်းဖြေလည်ပတ်နိုင်ဖို့
🌟လေဆိပ်ကို အသွားအပြန် Airport Limousine ဝန်ဆောင်မှု
🌟လေယာဉ်လက်မှတ် (Business Class) ဝန်ဆောင်မှု၊
🌟 CB Prestige Concierge ဝန်ဆောင်မှု၊
🌟 4 Star ဟိုတယ်မှာ (၃) ညအိပ်၊ (၄) ရက် တည်းခိုခွင့်၊
🌟 USD (1,000) နဲ့ ညီမျှတဲ့ CB VISA Prepaid Product နဲ့ လက်ဆောင်များ၊
🌟 Event များကို သွားလာဖို့ Transportation (Motorcoach) ဝန်ဆောင်မှု၊
🌟 Activity/ Cultural Experience စတာတွေကိုလဲ စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။
“Road to FIFA World Cup 26” Campaign ကာလ
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၊ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ မတ်လ၊ ၃၁ ရက်နေ့အထိ။
“Road to FIFA World Cup 26” Campaign တွင် ပါဝင်နိုင်မည့်သူများ
🔹CB VISA Credit ကတ် ကိုင်ဆောင်သူများ၊
🔹CB FIFA စာရင်းသေအပ်ငွေစာရင်း (CB FIFA Fixed Deposit) အပ်နှံထားသူများ၊
🔹CB 5/3 Life Insurance Customer များ၊
🔹CB Bank ရဲ့ Exporter ကြီးများ။
အသေးစိတ်ပိုမို သိရှိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777) ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။

