Search form

ငွေကျပ်ဆယ်သိန်းတိတိ ကံထူးနိုင်မဲ့ "ခန့်မှန်းအဖြေရှာ ဆုယူပါ" ဒုတိယပိုင်းအစီအစဉ်

ငွေကျပ်ဆယ်သိန်းတိတိ ကံထူးနိုင်မဲ့ "ခန့်မှန်းအဖြေရှာ ဆုယူပါ" ဒုတိယပိုင်းအစီအစဉ်

ပိုမိုရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ "ခန့်မှန်းအဖြေရှာ ဆုယူပါ" ဒုတိယပိုင်းအစီအစဉ် စတင်ပါပြီ။

FIFA World Cup 2026™ မှာ အကြိုဗိုလ်လုပွဲ (Semi-Final) တက်ရောက်သွားတဲ့ အသင်း (၄) သင်းထဲက (၁) သင်းကို မှန်ကန်စွာ ရွေးချယ်နိုင်ခဲ့သူတွေအားလုံး ဒုတိယပိုင်းအစီအစဉ်မှာ ဗိုလ်စွဲမဲ့အသင်းကို ထပ်မံခန့်မှန်းပြီး ဆုလက်ဆောင် ငွေကျပ်ဆယ်သိန်းတိတိကို ဆွတ်ခူးရရှိနိုင်မှာ ဖြစ်ပါတယ်။

FIFA World Cup 2026™ ဗိုလ်လုပွဲပြီးတဲ့အခါ ကံထူးရှင် (၅) ဦးကို ကျပန်းစနစ်နဲ့ ရွေးချယ်ပြီး CB Bank Official Facebook စာမျက်နှာကနေတစ်ဆင့် ကြေညာပေးသွားမှာ ဖြစ်ပါတယ်။

🌟 အသင်းရွေးချယ်ရန် Link - https://campaign.cbbank.com.mm:8091/
🌟 Lucky Draw ကာလ - ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ၊ ၁၇ ရက်နေ့အထိ။

ပိုမိုသိလိုတာမှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 ) ကို အချိန်မရွေးဆက်သွယ်နိုင်ပါတယ်။

"ခန့်မှန်းအဖြေရှာ ဆုယူပါ" ဒုတိယပိုင်း အစီအစဉ်အတွက် စည်းကမ်းသတ်မှတ်ချက်များ

"ခန့်မှန်းအဖြေရှာ ဆုယူပါ" ဒုတိယပိုင်း အစီအစဉ်တွင် ပါဝင်မည့်သူများသည် အောက်ဖော်ပြပါ အချက်အလက်များ အားလုံးကို သဘောတူလိုက်နာရန် လိုအပ်ပါသည်။

၁) "ခန့်မှန်းအဖြေရှာ ဆုယူပါ" ဒုတိယပိုင်း အစီအစဉ်သည် အကြိုဗိုလ်လုပွဲ (Semi-Final) သို့ တက်ရောက်နိုင်မည့် အသင်း (၄) သင်းကို မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သူ CB Bank Customer များအတွက် အထူးသီးသန့် ပြုလုပ်ပေးထားသည့် ကံစမ်းမဲအစီအစဉ် ဖြစ်ပါသည်။

၂) ကံစမ်းမဲကာလမှာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ၊ ၁၇ ရက်နေ့အထိ ဖြစ်ပါသည်။

၃) ကံစမ်းမဲအစီအစဉ်တွင် ပါဝင်လိုသူများသည် FIFA World Cup 2026™ တွင် အနိုင်ရရှိနိုင်မည့် နှစ်သက်ရာ (၁) သင်းကို ခန့်မှန်းရမည် ဖြစ်ပါသည်။ ဆုရွေးချယ်ရာတွင် စည်းကမ်းချက်နှင့် ကိုက်ညီသည့် အဖြေမှန်သူ (၅) ဦးစီကို ကျပန်းဖြင့် ရွေးချယ်ပြီး ငွေကျပ် ဆယ်သိန်းကို ဆုလက်ဆောင်အဖြစ် ပေးအပ်သွားမည်ဖြစ်ပါသည်။

၄) CB Bank မှ တရားဝင်ထုတ်ပြန်ပေးထားသော Link သို့ ဝင်ရောက်၍ ပထမပိုင်း အစီအစဉ်တွင် ထည့်သွင်းထားခဲ့သောအမည်၊ ကတ်နံပါတ်၊ ကတ်လျှောက်ထားစဉ်က စာရင်းသွင်းခဲ့သော ဖုန်းနံပါတ်တို့ကို ပြည့်စုံစွာ ဖြည့်စွက်ပြီး မိမိခန့်မှန်းလိုသော အသင်းကို ရွေးချယ်ရပါမည်။

၅) ကတ်ပိုင်ရှင်တစ်ဦးလျှင် ဘောလုံးအသင်း (၁) သင်းသာ ရွေးချယ်ခန့်မှန်းခွင့် ရှိမည်ဖြစ်ပါသည်။

၆) ပထမဦးဆုံးအကြိမ် ဖြည့်စွက်ရွေးချယ်ခဲ့သည့် ဘောလုံးအသင်းကိုသာ အတည်ပြုမှတ်ယူမည်ဖြစ်ပြီး ထပ်မံပြင်ဆင်လျှောက်ထားပါက လက်ခံဆောင်ရွက်မည် မဟုတ်ပါ။

၇) ပွဲစဉ်ရလဒ်များ တရားဝင်ထွက်ပေါ်လာပြီးနောက် ရုံးဖွင့်ရက် နှစ်ရက်အတွင်း ကံထူးရှင်များ စာရင်းကို CB Bank လူမှုကွန်ရက်စာမျက်နှာများတွင် ကြေညာပေးသွားမည် ဖြစ်ပါသည်။ ဆုလက်ဆောင်ကို CB Bank ရုံးချုပ်တွင် မှတ်ပုံတင်နှင့်တကွ လူကိုယ်တိုင် လာရောက်ထုတ်ယူရပါမည်။

၈) ဆုလက်ဆောင်များနှင့်ပတ်သက်၍ အငြင်းပွားဖွယ် တစ်စုံတစ်ရာဖြစ်ပေါ်ပါက CB Bank ၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါသည်။

၉) လိုအပ်ချက်ရှိလာပါက CB Bank အနေဖြင့် ကြိုတင်အကြောင်းကြားခြင်းမပြုဘဲ စည်းမျဉ်းစည်းကမ်းများကို အလျဉ်းသင့်သလို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်းများနှင့် အစီအစဉ် ရပ်ဆိုင်းခြင်းများ ပြုလုပ်ပိုင်ခွင့် ရှိပါသည်။

၁၀) အကြောင်းတစ်စုံတစ်ရာပေါ်ပေါက်လာပါက CB Bank Contact Center ( 09 2 5555 7777 ) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

#CBBank #Letswin_wintogether
#FIFA #WorldCup26 #WC26
#ခန့်မှန်းအဖြေရှာဆုယူပါ