
လက်ရှိဖြစ်ပေါ်လျက်ရှိသည့် COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုနှုန်း မြင့်တက်လာသဖြင့် ဝန်ထမ်းအချို့ ကူးစက်ခံရမှုများကြောင့် ပုံမှန်ဝန်ဆောင်မှုပေးလျက်ရှိသော CB Bank ၏ အချို့ဘဏ်ခွဲများတွင် ဝန်ထမ်းအင်အား မလုံလောက်မှုများ ရှိပါသည်။
ထို့အတွက် CB Bank ၏ ဝန်ထမ်းများအပါအဝင် Customer များ၏ ကျန်းမာရေးဆိုင်ရာ ဘေးကင်းလုံခြုံစေရေးအတွက် ရေရှည်ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် မြန်မာနိုင်ငံတစ်ဝန်းရှိ CB Bank ၏ ဘဏ်ခွဲများကို နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအထိ ဝန်ဆောင်မှုပေးမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးကြေညာအပ်ပါသည်။
ထို့ပြင် ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ ငွေဖြည့်တင်းထားရှိပေးမည့် ATM စက်နေရာများကို သီးခြားထပ်မံကြေညာပေးမည်လည်း ဖြစ်ပါသည်။
COVID-19 ရောဂါကူးစက်မှုမှ ကာကွယ်ရန် Digital Banking Channel များဖြစ်သည့် CRM (ငွေသွင်းစက်), CB Pay, iBanking, Mobile Banking, CB Bank Card များကို အသုံးပြုပြီး ငွေလွှဲခြင်း၊ e-Commerce များ၊ POS များမှ ဈေးဝယ်ခြင်းနှင့် ငွေပေးချေခြင်း၊ Mobile Top Up နှင့် Bill Payment များကို ၂၄ နာရီ ပိတ်ရက်မရှိ ပြုလုပ်နိုင်ပါသည်။
ဘဏ်ခွဲများ ၊ ATM များတွင် ဝန််ဆောင်မှုများ ရယူရာ၌ COVID-19 ကာကွယ်ရေးအတွက် လိုက်နာရန် စည်းမျဉ်းစည်းကမ်းများအား အထူးလိုက်နာပေးကြပါရန်ကိုလည်း မေတ္တာရပ်ခံအပ်ပါသည်။
ယခုသီတင်းပတ်အတွင်း ဖွင့်လှစ်မည့်ဘဏ်ခွဲများအား အောက်ပါ List တွင် လေ့လာကြည့်ရှုနိုင်ပါသည်။