
ယခုအခါ Covid-19 ရောဂါ ကူးစက်ပြန့်ပွားနေသောကြောင့် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့မှ ဩဂုတ်လ ၂၀ ရက်နေ့အထိ လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ အက်ဥပဒေအရ အများပြည်သူရုံးပိတ်ရက်ရှည်အဖြစ် သတ်မှတ်ထားပါသဖြင့် အဆိုပါနေ့များတွင် CB Bank ရုံးချုပ်နှင့် ဘဏ်ခွဲများအားလုံး ပိတ်ထားမည်ဖြစ်ပါကြောင်း မိတ်ဟောင်း မိတ်သစ်များအား လေးစားစွာဖြင့် ကြိုတင်အသိပေး ကြေညာအပ်ပါသည်။
အဆိုပါ ဘဏ်ပိတ်ရက်များတွင် CB Bank ၏ ATM(ငွေထုတ်စက်)၊ CRM (ငွေသွင်း/ငွေထုတ်စက်)များနှင့် Agents များအပြင် CB Bank ၏ Digital Banking Channel များဖြစ်သည့် CB Pay, iBanking, Mobile Banking, CB Bank Card များကို အသုံးပြုပြီး ငွေလွှဲခြင်း၊ e-Commerce များ၊ POS များမှ ဈေးဝယ်ခြင်းနှင့် ငွေပေးချေခြင်း၊ Mobile Top Up နှင့် Bill Payment အစရှိသည့်ဝန်ဆောင်မှုများကို ပိတ်ရက်မရှိ ဆောင်ရွက်နိုင်ပါသည်။
CB Pay နှင့် iBanking အခက်အခဲများရှိပါက Contact Centre (01-231 7770 နှင့် contact@cbbank.com.mm) သို့ ဆက်သွယ်နိုင်ပါသည်။