CB Bank ၏ နောက်ထပ်အောင်မြင်မှုမှတ်တိုင်အသစ် စိုက်ထူနိုင်ခြင်း

CB Bank ၏ နောက်ထပ်အောင်မြင်မှုမှတ်တိုင်အသစ် စိုက်ထူနိုင်ခြင်း

ဗီယက်နမ်နိုင်ငံရှိ JW Marriott Hanoi တွင် ဩဂုတ်လ ၂၃ ရက်မှ ၂၄ ရက်နေ့အထိ ကျင်းပသော အခမ်းနား၌ 'Temenos Core Transformation Awards ' ကို CB Bank မှ ဆွတ်ခူးရရှိကြောင်း ဝမ်းမြောက်စွာဖြင့် အသိပေးကြေညာအပ်ပါသည်။

“Temenos Core Transformation Awards” သည် ဘဏ်လုပ်ငန်း၏ Software Systems များကို ဦးဆောင်ပံ့ပိုးပေးသည့် Temenos အဖွဲ့အစည်းမှ ပေးအပ်သည့်ဆုဖြစ်ပြီး ဘဏ်လုပ်ငန်းနယ်ပယ်တွင်ရှိသော အဖွဲ့အစည်းများ၏ ထူးချွန်သော ဆောင်ရွက်ချက်များအတွက် ချီးမြှင့်ခြင်းဖြစ်သည်။

CB Bank သည် ဆယ်စုနှစ်တစ်စုကြာ ဆန်းသစ်တီထွင်မှုများဆောင်ရွက်ခြင်း၊ လုပ်ငန်းများ ပိုမိုထိရောက်အောင် ဆောင်ရွက်ပေးနိုင်ခြင်း၊ Customer များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်း တို့အတွက် အဆိုပါဆုကို ချီးမြှင့်ခံရခြင်း ဖြစ်ပါသည်။ CB Bank သည် ၂၀၁၂ ခုနှစ်မှစတင်၍ Core Banking နည်းပညာတွင် ဦးစွာရင်းနှီးမြှုပ်နှံခဲ့သည့်အတွက် တိုးတက်လာသော ဘဏ်လုပ်ငန်းစဉ်များအတွက် ကောင်းစွာကြိုတင်ပြင်ဆင်ထားပါသည်။
Core Transformation ဆုသည် ဘဏ်လုပ်ငန်းနယ်ပယ်၌ CB Bank ၏ ဆန်းသစ်တီထွင်မှုနှင့် ထူးချွန်မှုများအတွက် အသိအမှတ်ပြုခံရခြင်းလည်း ဖြစ်ပါသည်။ ဤကဲ့သို့အောင်မြင်မှုများ ဆွတ်ခူးနိုင်သည့်အတွက် CB Bank မှ အထူးဂုဏ်ယူဝမ်းမြောက်မိပါသည်။ CB Bank ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုနှင့် Customer များ၏ ယုံကြည်မှုတို့ကြောင့် ယခုကဲ့သို့ အောင်မြင်မှုခရီးလမ်းကို လျှောက်လှမ်းနိုင်ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်များကို လက်တွေ့အကောင်အထည်ဖော်ပေးသော Temenos မိတ်ဖက်အဖွဲအစည်းဖြစ်သည့် ITSS ကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။

#CBBank #Award #Temenos #CoreTransformation