“Torchbearer in the Financial Industry”

“Torchbearer in the Financial Industry”

ဩဂုတ်လ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ကျင်းပခဲ့သော “Temenos Regional Forum 2023” မှ ခေတ်မီဖွံ့ဖြိုးမှု ၊ တိုးတက်ပြောင်းလဲမှုနှင့် တီထွင်ဆန်းသစ်မှု တို့တွင် ဦးဆောင်နေသည့်ဘဏ်များကို ဂုဏ်ပြုခဲ့ပါသည်။ ဤအခမ်းအနားတွင် ဆယ်စုနှစ်ကြာ တီထွင်ဆန်းသစ်မှုများ ရင်းနှီးမြှုပ်နှံထားသည့် CB Bank ကို “Temenos Core Transformation Award” ချီးမြှင့်ခဲ့ပါသည်။

ဤဂုဏ်သတင်းကြီးသောဆုအား ဘဏ်လုပ်ငန်း Software Systems များကို ဦးဆောင်ပံ့ပိုးပေးနေသည့် Temenos အဖွဲ့အစည်းမှ ဘဏ်လုပ်ငန်းနယ်ပယ် တိုးတက်အောင် ဆောင်ရွက်နိုင်သော မိတ်ဖက်အဖွဲ့အစည်းများ၏ ထူးချွန်မှုကို အသိအမှတ်ပြုရန် ပေးအပ်ခြင်းဖြစ်ပါသည်။

Temenos ၏ CB Bank အတွက် ထုတ်ပြန်ချက်တွင် “CB Bank သည် ဆန်းသစ်တီထွင်မှု၊ နည်းပညာတိုးတက်မှုနှင့် Customers များ၏ စိတ်ကျေနပ်မှုပေးရန် ခိုင်မာသောရပ်တည်ချက်၊ ဆောင်ရွက်ချက်များကို တွေ့မြင်ခဲ့ရပါသည်။ ဤရွေးချယ်မှုသည် CB Bank ၏ အောင်မြင်မှုလမ်းကြောင်း နှင့် ဘဏ္ဍာရေးလုပ်ငန်း ဦးဆောင်လမ်းပြမှုကို ထင်ဟပ်စေပါသည်”။