
Customer များသည် CB Bank အတွက် အထူးပင် အရေးကြီးပါသည်။ CB Bank အနေဖြင့် COVID-19 Coronavirus အား ကာကွယ်နိုင်ရန်အတွက် ၂၀၂၀ ဖေဖော်ဝါရီလဆန်းမှစတင်ပြီး ကြိုးစား ဆောင်ရွက်နေပါသည်။ CB Bank ဘဏ်ခွဲများသို့ လာရောက်သည့် Customer များအတွက် အပူချိန်ကို တိုင်းတာခြင်း၊ အများသုံး နေရာများတွင် Hand sanitizer များထားရှိခြင်း၊ ATM စက်များ၊ ဘဏ်ခွဲ၏ အများသုံးနေရာများအား မကြာခဏ disinfectant ဆေးရည်နှင့် ဆေးကြောခြင်း တို့ကို နေ့စဉ် ဆောင်ရွက်ထားရှိပါသည်။
ဘဏ်ခွဲသို့ လူကိုယ်တိုင်လာရောက်ရန် မလိုအပ်ပဲ ဆောင်ရွက်နိုင်သော CB Bank ၏ Mobile Banking (CB Pay)၊ Internet Banking၊ ATMs၊ CRMs (ငွေသွင်းငွေထုတ်စက်) များမှ ၂၄ နာရီ ဝန်ဆောင်မှုပေးနေသည့် အပြင် ဘဏ်၏ Mobile Banking Platform (CB Pay) မှ တဆင့် Virus အကြောင်း ဆောင်ရန်၊ ရှောင်ရန်များအား ပြည်သူအများသိရှိနိုင်စေရန် ဖြန့်ဝေပေးလျှက်ရှိပါသည်။
CB Bank ၏ ဝန်ထမ်းများအားလုံးကို ဘဏ်အတွင်းသို့ မဝင်ရောက်မီ အပူချိန်တိုင်းတာခြင်း၊ လက်ကို Hand Sanitizer ဖြင့် ဆေးကြောစေခြင်း၊ Customer များအား ဝန်ဆောင်မှုပေးရာတွင်လည်း Mask မဖြစ်မနေ ဝတ်ဆင်စေခြင်းများအပြင် အပူချိန်တိုင်းတာသည့် ဝန်ထမ်းအား နှာခေါင်းစည်း (mask)၊ မျက်မှန် (Safety Glasses) နှင့် လက်အိတ် (Gloves) တို့ ဝတ်ဆင်စေခြင်းဖြင့် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ထားပါသည်။ ထို့အပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များ၊ အခြား သိကောင်းစရာနှင့် ဆောင်ရန်၊ ရှောင်ရန်များအား အချိန်နှင့်တပြေးညီ ဝန်ထမ်းများ သိရှိနိုင်စေရန် Computer Screen များ၊ Email ၊ Internal Website အစရှိသည့် နည်းလမ်းများဖြင့် ပေးပို့ဖြန့်ဝေပေးထားပါသည်။ Seminar ပြုလုပ်ခြင်းအားဖြင့်လည်း သိကောင်းစရာများ ဖြန့်ဝေပေးပါသည်။ ဘဏ်အတွင်းနှင့် ဘဏ်ပြင်ပတွင် အစည်းအဝေးများကျင်းပရန် လိုအပ်ပါလည်း Microsoft Office 365 ကဲ့သို့ နည်းပညာများကို အသုံးပြုပြီး online မှကျင်းပဆောင်ရွက်ပါသည်။
ဘဏ်၏ ဌာနများရှိ ဝန်ထမ်းများအား ယာယီနေရာခွဲခြား၍ တာဝန်ထမ်းဆောင်စေပါသည်။
ဘဏ်ခွဲများတွင်လည်း အရေးပေါ်အခြေအနေ ပေါ်ပေါက်လာပါက ဆောင်ရွက်ရမည့် Procedures များအား စီမံဆောင်ရွက်ထားပြီး ဖြစ်ပါသည်။ ဝန်ထမ်းများ အားလုံး လိုက်နာရန် Social Distancing နှင့် Work from Home Guideline များကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ပါသည်။
COVID - 19 Coronavirus ကို ကြိုတင်ကာကွယ်ရန်အတွက် CB Bank အနေဖြင့် နောက်ဆုံးသတင်းများကို စဥ်ဆက်မပြတ် စောင့်ကြည့်လျှက်ရှိပြီး Business Continuity Plan (BCP) ကို ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ ယခုလို အခြေအနေမျိုးကို အတူတကွ ကျော်ဖြတ်နိုင်ရန် Customer များ၏ ပူးပေါင်းပါဝင်မှုနှင့် နားလည်မှုအတွက် အထူးပင် ကျေးဇူးတင်ရှိပါသည်။