
- မြန်မာအမျိုးသားလေကြောင်းလိုင်း၏ လေယာဥ်လက်မှတ်များကို (၁၅%) Discount အထိရရှိနိုင်မည့် အခွင့်အရေးများ
- ပထမဦးဆုံးလျှောက်ထားသူများအတွက်အထူးအစီအစဉ်များ
- CB Reward Points ၃ဆ နှင့် IPP (အရစ်ကျငွေပေးချေမှုအစီအစဉ်) အတိုးမဲ့ဝယ်ယူနိုင်မှုများ ရရှိနိုင်ပါမည်။
(ရန်ကုန်, ၁၅, စက်တင်ဘာ, ၂၀၂၀) – CB Bank သည် မြန်မာနိုင်ငံတွင် ပထမဆုံးသော ဘဏ် နှင့် လေကြောင်းလိုင်း အကြားပူးပေါင်းဆောင်ရွက်မှုဖြစ်သော CB MNA Visa Cobranded ကတ်များကို ယနေ့တွင် န်မာအမျိုးသားလေကြောင်း(MNA)၏ ၇၂ နှစ်ပြည့်အထိမ်းအမှတ်အတွက် ထုတ်လုပ်မိတ်ဆက်ခဲ့ပါသည်။ CB MNA Visa ကတ်များသည် Cashless Society (ဒီဂျီတယ် ငွေပေးချေမှုစနစ်) အတွက် ခြေလှမ်းတစ်ခုအနေဖြင့် အကောင်အထည်ဖေါ်ခဲ့ပြီး ခရီးသွားခြင်းအတွက်သာမက၊ ဖျော်ဖြေရေး၊ အစားအသောက် နှင့် စျေးဝယ်ခြင်း များအတွက်ပါ အကျိုးကျေးဇူးများ ရရှိစေမှာဖြစ်ပါသည်။
“မြန်မာအမျိုးသားလေကြောင်း၏ ၇၂နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် MNAကို အစဉ်မပျက် အားပေးစီးနင်း လျက်ရှိသော ခရီးသည်များ အတွက် CB Bank, Visa နှင့်အတူပူးပေါင်း၍ အခြားမည်သည့်နေရာမှ မရရှိနိုင်တဲ့ အကျိုးခံစားခွင့်များစွာပါဝင်တဲ့ CB MNA Visa Credit Card နဲ့ Prepaid Card များကို မြန်မာအမျိုးသားလေကြောင်း၏ခရီးသည်များအတွက် ပူးပေါင်းထုတ်လုပ်လိုက်ခြင်းဖြစ်ပါတယ်။ CB MNA Visa Credit Card နဲ့ Prepaid Card များသည် MNA ၏ ဝန်ဆောင်မှုပေးအပ်နိုင်မှုကိုတိုးမြှင့်ပေးပြီး MNA ၏ ၇၂နှစ်ပြည့် မှတ်တိုင်တခုအနေနဲ့ ခရီးသည်များအတွက် ရည်ရွယ်ပြီး ပူးပေါင်းထုတ်လုပ်ရခြင်းဖြစ်ပါတယ်။” ဟု Captain သန်းထွန်း၊ MNA လေကြောင်းလိုင်း၏ CEO မှ ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံရဲ့ပထမဆုံး cobranded ကတ်များကို မြန်မာအမျိုးသားလေကြောင်း(MNA), VISA တို့နှင့်အတူစတင်မိတ်ဆက်လိုက်နိုင်တာကို ကျွန်တော်တို့အရမ်းကိုဂုဏ်ယူမိပါတယ်။ မြန်မာအမျိုးသားလေကြောင်း(MNA)၏ ၇၂ နှစ်ပြည့်အထိမ်းအမှတ်အတွက် ထုတ်လုပ်မိတ်ဆက် လိုက်နိုင်သည့်အတွက် ပိုပြီးဂုဏ်ယူဝမ်းမြောက်မိပါတယ်။မြန်မာနိုင်ငံတွင်ဒီဂျီတယ်ဖြင့်ငွေသားပေးချေမှု တိုးတက်စေရန် နှင့်Customers များအတွက်ထူးခြားသော benefits များရရှိစေရန်ပူးပေါင်းဆောင်ရွက်ပေးသည့်မြန်မာအမျိုးသားလေကြောင်း(MNA) ကို ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့CB Bank တွင် Customer များ အတွက်အကောင်းဆုံးသော ဝန်ဆောင်မှုများပေးနိုင်ရန် စဉ်ဆက်မပြတ်တီထွင်ဆန်းသစ်လျက်ရှိပါသည်။ ထို့အပြင်လည်း ဒီဂျစ်တယ်ငွေပေးချေမှုစနစ်တိုးမြှင့်ရန်အတွက် e-Government လုပ်ငန်းများကိုလည်း ပံ့ပိုးကူညီနေပါတယ်။”ဟု CB Bank ၏ CEO & EVC ဦးကျော်လင်းကပြောကြားခဲ့သည်။
“CB Bankနှင့်မြန်မာအမျိုးသားလေကြောင်း (MNA)တို့ပူးပေါင်းကာ ပထမဆုံး cobranded Visa credit နှင့် prepaid ကတ်များစတင်မိတ်ဆက်နိုင်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ သည် ဝန်ဆောင်မှုဟာ မြန်မာနိုင်ငံ၏ တိုးတက်လာသည့် ဒီဂျီတယ်ငွေပေးချေမှု ဂေဟစနစ်၏ အရေးကြီးသည့် မှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းကို ကြည့်မယ်ဆိုရင် စားသုံးသူများသည် ငွေသားအစား ပြောင်းလဲလာသည့် လူနေမှုစနစ်တွင် မြန်ဆန်၊ စိတ်ချရပြီး အဆင်ပြေတဲ့ ဒီဂျီတယ်ငွေပေးချေမှုများကို ပိုမိုနှစ်သက်အသုံးပြုလာတာကို တွေ့မြင်ရပါတယ်။” ဟု Lilian Wang, Visa Myanmar ၏ Country Manager မှ ပြောကြားခဲ့သည်။
“CB MNA Visa ကတ်များသည် Customer များအတွက် စိတ်လှုပ်ရှားစရာ benefitsများ ကိုယူဆောင်လာမှာဖြစ်ပါတယ်။ လေယာဉ်လက်မှတ် အထူးလျှော့စျေးများ၊ promotions များ၊ Grab discounts များ နှင့်အတိုးမဲ့အရစ်ကျငွေပေးချေမှု အစီအစဉ်များ (IPP) အစရှိသည့် လက်မလွှတ်သင့်သော အခွင့်အရေးများကို အရယူဖို့ Online (သို့မဟုတ်) CB Bank ဘဏ်ခွဲများတွင် ယခုပဲလျှောက်ထားလိုက်ပါ။”ဟု ဦးဇေယျာအောင်၊ CB Bank Cards & Merchant Services ဌာနမှူးက ပြောကြားခဲ့သည်။
“Customer များသည် CB MNA Visa Co-branded ကတ်များဖြင့် အွန်လိုင်းသို့မဟုတ် POS စက်များမှတစ်ဆင့် ငွေပေးချေနိုင်သဖြင့် COVID-19 ကာလတွင် ကျွန်တော်တို့၏Customer များ ပိုမိုလုံခြုံစွာဖြင့် ငွေပေးချေမှုများပြုလုပ်နိုင်ပါတယ်။ COVID-19ကာလအတွင်းတွင် CB Bank customers များ၏ ဒီဂျစ်တယ်ငွေပေးချေမှုသိသိသာသာမြင့်တက်လာခြင်းကိုတွေ့မြင်ခဲ့ရပါတယ်။ အွန်လိုင်းငွေပေးချေမှု ၅၀% တိုးတက်လာပြီး Contactless NFC Payment သည် ၁၅% တိုးတက်လာခဲ့ပါတယ်။ CB Bank customers များသည်ကဒ်အချက်အလက်များကို ဘဏ်သို့မသွားဘဲ Viber Chat Bot ဖြင့် အလွယ်တကူ ချက်ချင်းစစ်ဆေးနိုင်ပါတယ်။ မကြာမှီတွင် Customer များအနေဖြင့် မိမိတို့၏ကတ်များကိုအက်ပလီကေးရှင်းတစ်ခုထဲမှအလွယ်တကူစီမံခန့်ခွဲနိုင်သည့် CB Card + မိုဘိုင်း application အစရှိသည့်စိတ်လှုပ်ရှားဖွယ်ကောင်းသောဝန်ဆောင်မှုအသစ် များကိုမိတ်ဆက်ပေးသွားပါမယ်။CB Bank ကတ်များဖြင့် ချိတ်ဆက်ထားသည့် CB Card+ application သုံးပြုပြီး ဖုန်းဖြင့် ထိကာ ဆိုင်များတွင် ငွေပေးချေနိုင်တော့မှာ ဖြစ်ပါတယ်။” ဟု ဦးဇေယျာအောင်၊ CB Bank Cards & Merchant Services ဌာနမှူးကဆက်လက်ပြောကြားခဲ့ပါသည်။
*************************************************************************
CB Bank အကြောင်း
CB Bank သည် 1992ခုနစ်တွင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံတွင် အကြီးဆုံးသော ပုဂ္ဂလိကဘဏ် များထဲမှ တစ်ဘဏ် ဖြစ်ပါသည်။ ဘဏ်ဝန်ဆောင်မှုလုပ်ငန်း၏ ဖောက်သည်များအပေါ် အကျိုးပြုမှုကိုပိုမိုထိရောက်လာစေရန် နည်းပညာများကိုအသုံးပြုပြီး လုပ်ဆောင်လျက်ရှိပါသည်။
- ဘဏ်လုပ်ငန်းဆိုင်ရာ အဓိက အဆောက်အအုံများနှင့် နည်းပညာစနစ်များကို ကောင်းစွာ တည်ဆောက် ထားခြင်း
- ဒီဂျီတယ် ဘဏ်ဝန်ဆောင်မှုများ ကို ဖောက်သည်များအတွက် မိတ်ဆက်ခြင်း
- ကုမ္ပဏီများ အခြားအဖွဲ့အစည်းများနှင့် မဟာဗျူဟာကျသော လက်တွဲမှုများ လုပ်ဆောင်ခြင်း အစရှိသော လုပ်ဆောင်ချက်များ ပြုလုပ်ထားပါသည်။
(၂၈) နှစ်တာကာလ အတွင်း CB Bank သည် ဝန်ထမ်းပေါင်း (၃၀) ကျော်မှ ဝန်ထမ်းပေါင်း (၉၀၀၀) ခန့် အထိ တိုးချဲ့ ခန့်ထားနိုင်ခဲ့ပြီး ဘဏ်ခွဲပေါင်း (၂၄၅) ခန့်ကို ဖွင့်လှစ်ထားနိုင်ခဲ့ပါသည်။ customer များ၏ လိုအပ်ချက်များနှင့် အံဝင် ခွင်ကျဖြစ်အောင် စီမံထားသည့် ဘဏ်ဝန်ဆောင်မှုများကို ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် တစ်ဦးချင်း customer များအတွက် ဝန်ဆောင်မှုများကို အကောင်းဆုံး ပေးဆောင်နေပါ သည်။
MNA အကြောင်း
၁၉၄၈ခုနှစ်တွင် Union of Burma Airways (UBA) နာမည်ဖြင့်စတင်တည်ထောင်ခဲ့တဲ့ မြန်မာအမျိုးသားလေကြောင်း (MNA) သည် ယခု ၂၀၂၀ခုနှစ်တွင် ပျံသန်းရေးနယ်ပယ်၌ ၇၂နှစ်ပြည့်ပြီဖြစ်ပါသည်။ မြန်မာအမျိုးသားလေကြောင်းသည် တခုထဲသော နိုင်ငံတော်ပိုင်လေကြောင်းလိုင်း အဖြစ်ရပ်တည်လျက်ရှိပြီး ပြည်တွင်းခရီးစဉ်အများဆုံးနဲ့ အကျယ်ပြန့်ဆုံးလေကြောင်းလိုင်း ဖြစ်သည့်အပြင် အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ (ဘန်ကောက်နှင့် ချင်းမိုင်)၊ ဟောင်ကောင်နိုင်ငံ နှင့် တရုတ်နိုင်ငံ (ချန်ဒူး) စသည့်နိုင်ငံများကို ပျံသန်းပြေးဆွဲ ဖြန့်ကျက် လျက်ရှိပါသည်။ ခရီးသည်များ သက်တောင့်သက်သာနဲ့ခရီးသွားနိုင်ရန်အတွက် မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ကျွမ်းကျင်ပျူဌာသောဝန်ထမ်းပေါင်း (၂၀၀၀)ကျော်က တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါသည်။
Visa အကြောင်း
Visa Inc. (NYSE: V) သည် ကမ္ဘာတစ်ဝန်း ဒီဂျစ်တယ်ငွေပေးချေမှုလုပ်ငန်းနယ်ပယ်တွင် ဦးဆောင်နေသူတစ်ဦး ဖြစ်သည်။ Visa ၏ ရည်မှန်းချက်မှာ လူတစ်ဦးတစ်ယောက်ချင်း၊ စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေးနယ်ပယ်များ တိုးတက်အောင်မြင်လာစေရေးအတွက် ဆန်းသစ်၍ လုံခြုံစိတ်ချရဆုံးသော ငွေပေးချေမှုကွန်ရက်တစ်ခုကို ကမ္ဘာ တစ်ဝန်း ချိတ်ဆက်ပေးနိုင်ရန်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ခေတ်အမီဆုံးကွန်ရက်တစ်ခုဖြစ်သည့် VisaNet ကို အသုံးပြု၍ ကမ္ဘာတစ်ဝန်း လုံခြုံစိတ်ချစွာ ငွေပေးချေမှုများပြုလုပ်နိုင်သလို၊ သတင်းအချက်အလက်ပေါင်း ၆၅,ဝ၀ဝ ကျော်ကို တစ်စက္ကန့်အတွင်း လွှဲပြောင်းပေးပို့နိုင်ပါသည်။ Visa ကုမ္ပဏီအနေဖြင့် ဆန်းသစ်တီထွင်မှုအပေါ် စဉ်ဆက်မပြတ် အသားပေးလုပ်ဆောင်လာခဲ့ခြင်းကြောင့် ယခုအခါ မည်သည့်ကြားခံအသုံးပြုစက်ဖြင့်မဆို စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်လုပ်ဆောင်ရာ၌ လျင်မြန်စွာတိုးတက် ပြောင်းလဲမှုများဖြစ်ပေါ်လာခဲ့ကာ၊ လူတိုင်း၊ နေရာတိုင်းအတွက် ငွေသားကိုင်ဆောင်ရန် မလိုအပ်တော့သည့် အနာဂတ်တစ်ခုရရှိဖော်ဆောင်နိုင်ရေးအတွက် တွန်းအားတစ်ရပ်လည်း ဖြစ်စေပါသည်။ အန်နာလော့မှ ဒစ်ဂျစ်တယ်စနစ်ဆီသို့ ကမ္ဘာကြီးတစ်ခုလုံးက ကူးပြောင်းနေသည့်အချိန်တွင် ကောင်းမွန်သော စီးပွားရေးတစ်ရပ်လုံး၏အနာဂတ်ကို ပြန်လည်ပုံဖော်နိုင်ရေးအတွက် Visa အနေဖြင့် မိမိ၏ ကုန် အမှတ်တံဆိပ်၊ ထုတ်ကုန်များ၊ လူအင်အားနှင့် ကွန်ရက်တို့ကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်သည်။ ပိုမိုပြည့်စုံသော သတင်းအချက်အလက်များအတွက် visa.com/aboutvisa, Blog နှင့် @VisaNews တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။