
Suzuki ကားချစ်သူများအနေဖြင့် မိမိစိတ်ကူးထဲက ကားလေးအား အရစ်ကျငွေပေးချေဝယ်ယူမှုများတွင် အဆင်ပြေလွယ်ကူစေရန် ရည်ရွယ်သော CB Bank နှင့် Suzuki တို့၏ ပူးပေါင်းဆောင်ရွက်မှုအသစ်ဖြစ်သည့် " CB-Suzuki Easy Finance " အသိပေးမိတ်ဆက်ပွဲ အခမ်းအနားအား (၂၀၁၉)ခုနှစ်၊အောက်တိုဘာလ(၂၅)ရက်နေ့တွင် Sule Shangri-La Hotel Yangon ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ပွဲတွင် Keiichi Asano (Managing Director , Suzuki Myanmar Motor)၊ ဦးမျိုးနောင် (Chief Executive Officer, Grand Guardian Insurance Public Co.,Ltd) နှင့် ဒေါ်ခင်နီလာအောင် (Deputy General Manager , CB Bank Risk Management Division ) တို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဦးမျိုးနောင် (Chief Executive Officer, Grand Guardian Insurance Public Co.,Ltd) နှင့် CB Bank Hire Purchase ဌာနမှ တာဝန်ရှိသူ ဦးစမျိုးလင်းထွန်း တို့မှ ဝန်ဆောင်မှုများအား ရှင်းလင်းပြသခြင်း၊ ကြွရောက်လာသောဧည့်သည်တော်များ သိရှိလိုသည်များကို ရှင်းလင်းပြောကြားခြင်းနှင့် အမှတ်တရဓာတ်ပုံများရိုက်ကူးခြင်းများဖြင့် ပွဲအခမ်းအနားအား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။