"CB Bank Yatanar Mall ဘဏ်ခွဲ၏ Customer များသို့ မေတ္တာရပ်ခံအသိပေးကြေညာခြင်း"
Mandalay Yatanar Mall ၊ Sky Walk shopping mall တွင် (၁၇.၁.၂၀၂၀)ရက်နေ့၌ မီးလောင်မှု ဖြစ်စဉ်ဖြစ်ပွားခဲ့သော်လည်း Mall အတွင်းရှိ CB Bank ဘဏ်ခွဲအား မီးကူးစက်ခြင်း မရှိပါကြောင်းနှင့် အချက်အလက်များပျက်စီးခြင်း၊ ငွေကြေးဆုံးရှုံးခြင်းများ အနည်းငယ်မျှ မရှိပါကြောင်းလေးစား စွာအသိပေး အကြောင်းကြားအပ်ပါသည်။
သို့ဖြစ်ပါ၍ Yatanar Mall အားပိတ်
ထားစဉ်ကာလအတွင်း Mall အတွင်းရှိ CB Bank ဘဏ်ခွဲအား ယာယီပိတ်ထား
မည်ဖြစ်ပါသောကြောင့် Customer များအတွက် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို မန္တလေးမြို့ရှိ CB Bank ဘဏ်ခွဲများတွင် ပုံမှန်အတိုင်းဆောင်ရွက်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။
ထို့ပြင် CB Bank ၏ CB Pay၊ ATM စက်များ၊ internet Banking များမှတဆင့် ဘဏ်ဝန်ဆောင်မှုများကို (၂၄)နာရီ ဆောင်ရွက်နိုင်ပါကြောင်း လေးစားစွာ အသိပေးကြေညာအပ်ပါသည်။
မန္တလေးမြို့ရှိ ဘဏ်ခွဲတည်နေရာများကို https://cbbank.me/locations တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
#CBBank