အတိုးနှုန်းပြင်ဆင်သတ်မှတ်ခြင်း

အတိုးနှုန်းပြင်ဆင်သတ်မှတ်ခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ညွှန်ကြားချက် အမှတ် (၁/၂၀၂၀) ဖြင့် အပ်ငွေအပေါ်ပေးသည့်အတိုးနှုန်းနှင့် ချေးငွေအပေါ်ကောက်ခံသည့် အတိုးနှုန်းများအား ပြင်ဆင်သတ်မှတ်ရန် ညွန်ကြားခဲ့ပါသည်။

CB Bank အနေဖြင့် မြန်မာနိုင်ငံဘဏ်များအသင်းအစည်းအ​ဝေးသဘောတူညီချက်များနှင့်အညီ အခြားဘဏ်များနည်းတူ Loans & Overdraft အတိုးနှုန်းများအား (၁၆.၃.၂၀၂၀) ရက်နေ့မှစတင်ပြီး အတိုးနူန်းလျော့ချ တွက်ချက်ကောက်ခံပါမည်။

ငွေစုဘဏ်အပ်ငွေ အတိုးနှုန်းအား (၂၀၂၀)ခုနှစ် မတ်လကုန်အထိ မူလအတိုးနှုန်း အတိုင်းတွက်ချက်ပေးမည်ဖြစ်ပြီး ယခင်အပ်နှံထား​သောစာရင်းသေအပ်ငွေများကိုလည်း မူလ Contract ပါအတိုးနှုန်းများအတိုင်း Contract သက်တမ်းပြည့်သည်အထိ ဆက်လက်တွက်ချက်ပေးပါမည်။

(၁၆.၃.၂၀၂၀) ရက်နေ့မှစတင်ပြီး စာရင်းသေအပ်ငွေ အသစ်များအား အတိုးနှုန်းအသစ်ဖြင့် တွက်ချက်မည် ဖြစ်ပါကြောင်း CB Bank Customer များအား လေးစားစွာအသိပေးအပ်ပါသည်။ (ပြောင်းလဲပြင်ဆင်သတ်မှတ်မည့်အတိုးနှုန်းများအား အသေးစိတ်ထပ်မံကြေညာပါမည်။ )

လေးစားစွာဖြင့် CB Bank