April 01, 2025
𝐂𝐁-𝐊𝐌𝐀 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဦးဆောင်ကာ ငွေကျပ် (၁၀) ဘီလီယံတိတိကို ကနဦး မတည်လှူဒါန်းခြင်း

၂၀၂၅ ခုနှစ်၊ မတ်လ၊ ၂၈ ရက် (သောကြာနေ့) တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံဒေသအချို့တွင် အသက်အိုးအိမ် စည်းစိမ်နှင့် အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့သည့်အတွက် CB Bank မိသားစုမှ အထူးပင်ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါသည်။
𝐂𝐁-𝐊𝐌𝐀 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဦးဆောင်ကာ ငွေကျပ် (၁၀) ဘီလီယံတိတိကို ကနဦး မတည်ပြီး ငလျင်ဘေးသင့်ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များအတွက် ထိထိရောက်ရောက်ဆောင်ရွက်လျက်ရှိပါသည်။