အသိပေးအကြောင်းကြားခြင်း

အသိပေးအကြောင်းကြားခြင်း

CB Bank PCL သည် ကုန်သွယ်မှု "Trade" နှင့် ကုန်သွယ်မှုမဟုတ်သည့် "Non-trade" များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ထားသော Online Platform Exchange Rate ဖြင့် အရောင်းအဝယ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ Money Changer Counter များတွင်လာရောက်ဝယ်ယူသော Customer များကိုလည်း သတ်မှတ်ထားသည့်တရားဝင်စျေးနှုန်းဖြင့်ရောင်းချလျက်ရှိပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

ထို့ပြင် CB Bank သည် International Trade & Non-trade Payment များ အဆင်ပြေချောမွေ့စွာ လွှဲပို့နိုင်ရန် ချိတ်ဆက်ထားသော ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ တရုတ်နိုင်ငံ၊ ထိုင်ဝမ်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့ရှိ ဘဏ်ကြီးများနှင့် တိုက်ရိုက်ငွေလွှဲပေးပို့ခြင်း (Remittance) များကို အဆင်ပြေချောမွေ့စွာဆောင်ရွက်လျက်ရှိကြောင်း အသိပေးကြေညာအပ်ပါသည်။