CB Pay App ရဲ့ အဆင့်မြှင့်တင်ထားတဲ့ ဗားရှင်းအသစ်မှာ eStatement တိုက်ရိုက်ထုတ်ယူနိုင်တဲ့အကြောင်း သိပြီးပါပြီလား။

CB Pay App ရဲ့ အဆင့်မြှင့်တင်ထားတဲ့ ဗားရှင်းအသစ်မှာ eStatement တိုက်ရိုက်ထုတ်ယူနိုင်တဲ့အကြောင်း သိပြီးပါပြီလား။

CB Bank အပ်ငွေစာရင်း (ဘဏ်အကောင့်) တွေရဲ့ လစဉ် ငွေသွင်း၊ ငွေထုတ်၊ ငွေလွှဲစာရင်း (eStatement) တွေကို ဘဏ်သွားစရာမလိုဘဲ CB Pay App ထဲကနေ ချက်ချင်း ထုတ်ယူနိုင်ပါပြီ။ CB Pay App နဲ့ ချိတ်ဆက်ထားတဲ့ CB Bank အပ်ငွေစာရင်းအမျိုးအစားတိုင်းအတွက် သုံးစွဲသူကိုယ်တိုင် App ထဲကနေ အချိန်နဲ့တစ်ပြေးညီ ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။

CB Pay App ကနေ eStatement ထုတ်ယူဖို့
🔹 ဗားရှင်းအသစ် မြှင့်တင်ထားတဲ့ CB Pay App ထဲကို ဝင်၊
🔹 ဘဏ်စာရင်းအောက်က Statement ကိုရွေး၊
🔹 eStatement ထုတ်ယူလိုတဲ့ အကောင့်ကိုရွေး၊ Request Statement ကို နှိပ်ပြီး eStatement ကို အခမဲ့ ထုတ်ယူနိုင်ပါပြီ။

ဘဏ်ခွဲတာဝန်ခံ လက်မှတ်ပါတဲ့ Statement စာရွက်ထုတ်ယူလိုပါကလဲ ထုတ်ယူလိုတဲ့ အချိန်ကာလအပိုင်းအခြား (Time Period)၊ သွားရောက်ထုတ်ယူလိုတဲ့ ဘဏ်ခွဲအမည်ကို ရွေးချယ်ပြီး ကိုယ်တိုင် သို့မဟုတ် ကိုယ်စားထုတ်ယူနိုင်ပါတယ်။

ဒါကြောင့် eStatement ဝန်ဆောင်မှုရယူနိုင်ဖို့ CB Pay App ကို အခုပဲ အဆင့်မြှင့်တင်လိုက်ရအောင်။

📥 CB Pay App ကို ဒေါင်းလုတ်ရယူရန် သို့မဟုတ် အဆင့်မြှင့်တင်ရန် - https://onelink.to/cbpay

သိလိုတာမှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 ) ကို (၂၄) နာရီပတ်လုံး ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။