Search form

"Capture the Moment with CB" Campaign အစီအစဉ်

"Capture the Moment with CB" Campaign အစီအစဉ်

မိုးဦးရာသီမှာ ရန်ကုန်မြို့ရဲ့ အလှအပကို အပေါ်စီးကနေ ခံစားမယ်၊ လတ်ဆတ်တဲ့ မိုးလေအေးနဲ့အတူ စိတ်အေးလက်အေး Relax လုပ်မယ်၊ သူငယ်ချင်းတွေနဲ့ Chill မယ်၊ ချစ်ရသူနဲ့ အမှတ်တရကောင်းလေး ဖန်တီးမယ်ဆိုတဲ့သူတွေအတွက် အခိုက်အတန့်လေးတွေ ပိုမိုသက်ဝင်လှပဖို့ CB Bank နဲ့ Yangon Yangon Rooftop Bar တို့ ပူး‌ပေါင်းပြုလုပ်တဲ့ "Capture the Moment with CB" Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ဒီ Campaign မှာ ပါဝင်လိုသူတွေအနေနဲ့
🌟 Yangon Yangon Rooftop Bar ရောက်တဲ့အခါ CB Bank Signage ပါအောင် ဓာတ်ပုံရိုက်၊
🌟 ရိုက်ထားတဲ့ ပုံကို #capturethemomentwithCB #CBBank #yangonyangonrooftopbar ဆိုတဲ့ Hashtag (၃) ခုနဲ့အတူ Facebook မှာ Public နဲ့ ပိုစ့်တင်၊ [Hashtag တွေကို အလွယ်တကူ Copy ရယူနိုင်ဖို့ Comment မှာ ဖော်ပြပေးထားပါတယ်။]
🌟 Yangon Yangon Rooftop Bar က တာဝန်ရှိသူတွေက မှတ်တမ်းရယူပြီးတဲ့အခါ Drink ဒါမှမဟုတ် ဟင်းပွဲတစ်မျိုး လက်ဆောင်ရယူနိုင်မှာ ဖြစ်ပါတယ်။

လက်ဆောင်ရွေးချယ်ရာမှာလဲ Drink နဲ့ ဟင်းပွဲနှစ်မျိုးထဲက တစ်မျိုးရွေးချယ်ရမှာဖြစ်လို့ အစားအသောက်ချစ်သူလေးတွေက မာလာအာလူးချောင်းကြော်နဲ့ မာလာကြက်အရေခွံကြော် ကြိုက်နှစ်သက်ရာ တစ်ပွဲ၊ ဒါမှမဟုတ် Drink ကိုပဲ ရွေးချယ်ချင်ရင်တော့ Sky Blue, Yangon Lady, Mojito နှစ်သက်ရာတစ်ခွက် ရယူနိုင်ပါတယ်။

ပရိုမိုးရှင်းကာလက ၂၀၂၆ ခုနှစ်၊ ဇွန်လ၊ ၈ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ဖြစ်လို့ သူငယ်ချင်း၊ အ‌ပေါင်းအသင်းတွေနဲ့ Chill တော့မယ်ဆိုရင် CB Bank ရဲ့ Capture the Moment with CB Campaign ရှိနေတဲ့ Yangon Yangon Rooftop Bar ကို သွားဖို့ မမေ့နဲ့နော်။

သိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777) ကို အချိန်မရွေး ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။

“Capture the Moment with CB” အစီအစဉ်အတွက် စည်းကမ်းသတ်မှတ်ချက်များ

“Capture the Moment with CB” Campaign တွင် ပါဝင်မည့်သူများသည် အောက်ဖော်ပြပါ အချက်အလက်များ အားလုံးကို သဘောတူလိုက်နာရန် လိုအပ်ပါသည်။

၁) “Capture the Moment with CB” Campaign သည် CB Bank နဲ့ Yangon Yangon Rooftop Bar တို့ ပူးပေါင်းလုပ်ဆောင်သည့် အစီအစဉ်ဖြစ်ပါသည်။
၂) Campaign ကာလမှာ ၂၀၂၆ ခုနှစ်၊ ဇွန်လ၊ ၈ ရက်နေ့မှ ၂၁ရက်နေ့အထိ ဖြစ်ပါသည်။
၃) Campaign တွင် သတ်မှတ်ထားသည့် စည်းကမ်းသတ်မှတ်ချက်နှင့် ကိုက်ညီသူတိုင်း ပါဝင်ခွင့် ရှိပါသည်။
၄) Campaign တွင် ပါဝင်လိုသူများသည်
က) Yangon Yangon Rooftop Bar ရှိ CB Bank Logo ပါဝင်သည့် Photo spot တွင် တစ်ဦးတည်းဖြစ်စေ၊ စုံတွဲ ဖြစ်စေ၊ အဖွဲ့လိုက် ဖြစ်စေ ဓာတ်ပုံရိုက်ကူးရမည်ဖြစ်ပါသည်။
ခ) ထို့နောက် ရိုက်ကူးထားသည့် ဓာတ်ပုံကို မိမိ၏ ကိုယ်ပိုင် Facebook စာမျက်နှာတွင် Public Post တင်ရမည် ဖြစ်ပါသည်။
ဂ) ဓာတ်ပုံတင်ရာတွင်လည်း #CBBank #CapturetheMomentwithCB #yangonyangonrooftopbar စသည့် Hashtag များ မဖြစ်မနေ ပါဝင်ရမည်ဖြစ်ပါသည်။
၅) ထို့နောက် Public Post ကို တာဝန်ကျ Waiter သို့မဟုတ် Waitress မှ မှတ်တမ်းယူပြီး Yangon Yangon Rooftop Bar ၏ Drink တစ်မျိုး သို့မဟုတ် ဟင်းပွဲတစ်ပွဲ ရယူနိုင်မည် ဖြစ်ပါသည်။ ရွေးချယ်နိုင်သည့် Drink များမှာ (Sky Blue, Yangon Lady, Mojito) ဖြစ်ပြီး Drink မယူဘဲ ဟင်းပွဲ ရွေးချယ်လိုပါက မာလာအာလူးချောင်းကြော် သို့မဟုတ် မာလာကြက်အရေခွံကြော် တစ်ပွဲ လက်ဆောင်ရယူနိုင်ပါသည်။
၆) အထက်ပါ ခံစားခွင့်ကို ဝိုင်းတစ်ဝိုင်းလျှင် တစ်ကြိမ်သာ ခံစားခွင့်ရှိမည် ဖြစ်ပါသည်။ ငွေပေးချေရာတွင်လည်း မည်သည့် ငွေပေးချေမှုအမျိုးအစားနှင့်မဆို ပေးချေနိုင်ပါသည်။
၇) ဆုလက်ဆောင်များနှင့်ပတ်သက်၍ အငြင်းပွားဖွယ် တစ်စုံတစ်ရာဖြစ်ပေါ်ပါက CB Bank နှင့် Yangon Yangon Rooftop Bar ၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါသည်။
၈) အကယ်၍ Campaign ကာလအတွင်း ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်ပါက CB Bank နှင့် Yangon Yangon Bar တို့အနေဖြင့် စည်းမျဉ်းစည်းကမ်းများကို အလျဉ်းသင့်သလို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်းများနှင့် အစီအစဉ် ရပ်ဆိုင်းခြင်းများ ပြုလုပ်ပိုင်ခွင့်ရှိမည် ဖြစ်ပါသည်။
၉) အကြောင်းတစ်စုံတစ်ရာပေါ်ပေါက်လာပါက CB Bank Contact Center ( 09 2 5555 7777 ) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

#CBBank #capturethemomentwithCB
#yangonyangonrooftopbar