ဘဏ်ခွဲနေရာ ပြောင်းရွှေ့ဖွင့်လှစ်ခြင်း

ဘဏ်ခွဲနေရာ ပြောင်းရွှေ့ဖွင့်လှစ်ခြင်း

CB Bank ၏ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင် (ဘိုကလေးဈေး) ဘဏ်ခွဲကို ၂၀၂၄ ခုနှစ် မတ်လ ၂၈ ရက်နေ့မှစ၍ ဗိုလ်တထောင် (သိမ်ဖြူလမ်း) ဘဏ်ခွဲအဖြစ် အမည်နှင့် လိပ်စာပြောင်းလဲ၍ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ယခင်က အမှတ် ၄၅၉၊ မြေညီထပ်၊ ကုန်သည်လမ်းမကြီး၊ ဗိုလ်တထောင်မြို့နယ်၌ ဖွင့်လှစ်ထားသော ဗိုလ်တထောင် (ဘိုကလေးဈေး) ဘဏ်ခွဲကို အမှတ် ၈၉၊ မြေညီထပ်၊ သိမ်ဖြူလမ်း၊ ၆ ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်တွင် ဗိုလ်တထောင် (သိမ်ဖြူလမ်း) ဘဏ်ခွဲအဖြစ် အမည်နှင့် လိပ်စာပြောင်းလဲ၍ ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။