CB Internship Program

CB Internship Program

CB Bank ၏ အလုပ်သင် အစီအစဉ်

အလုပ်သင် အစီအစဉ်အကြောင်းအရာ

CB Internship program သည် ပုံမှန်အားဖြင့် (၃) လ မှ (၆) လ အတွင်း ကြာမြင့်ပြီး အလုပ်သင်များသည် ဌာနတစ်ခု (သို့မဟုတ်) ဌာနတစ်ခုထက်ပိုသောနေရာများတွင် project-based assignments များကို ပြုလုပ်ရသည်။ CB Bank သည် အလုပ်သင်များနှင့် ပတ်သက်သော ပညာရေးနောက်ခံ၊ စိတ်ဝင်စားမှု စွမ်းရည်နှင့် အခြားလိုအပ်သောအချက်များကို ကြည့်ပြီး သင့်လျှော်သော projects/assignments များကို တစ်ဦးချင်းစီအလိုက် နေရာချပေးပါသည်။ ဤအစီအစဉ်သည် လူငယ်များ၏အနာဂတ်အတွက် ရွေးချယ်သင့်သော လမ်းကြောင်းတစ်ခုဖြစ်ပြီး ဘဏ်လုပ်ငန်းနှင့် ပတ်သက်သည့် စိန်ခေါ်မှုများသာမက CB Bank ၏ စီးပွားရေး လုပ်ငန်းလည်ပတ်ပုံကိုလည်း ပိုမိုသိရှိလာနိုင်ပါသည်။ 

ရည်ရွယ်ချက်
  • ဘဏ်လုပ်ငန်းနယ်ပယ်နှင့် ပတ်သက်သော အကျိုးရှိသည့် အလုပ်သင်အခွင့်အလမ်းများကို ဖြည့်ဆည်းပေးရန်။ 
  • အလုပ်သင်များနှင့် သက်ဆိုင်သည့် ပညာရေးပရိုဂရမ်တွင် အလုပ်အတွေ့အကြုံများ ရရှိနိုင်ခြင်း (သို့) project-based assignment များမှတစ်ဆင့် ဘဏ်လုပ်ငန်းနယ်ပယ်တွင် စိတ်ဝင်စားမှုများ ပေးစွမ်းနိုင်ခြင်း။ 
  • ကျောင်းသားများအနေနှင့် CB Bank နှင့် ဘဏ်လုပ်ထုံးပုံစံများအား အကျွမ်းဝင်မှုရှိစေခြင်း။
  • CB Bank ၏လုပ်ငန်းနယ်ပယ်နှင့် အကျွမ်းတဝင်ရှိနေသော အနာဂတ်လူသားအရင်းအမြစ်များ ဖန်တီးနိုင်ခြင်း။
အလုပ်သင်များအတွက် လိုအပ်ချက်များ

အလုပ်သင်တစ်ယောက်သည်-

  • မြန်မာနိုင်ငံသားဖြစ်ရမည်။ 
  • ဘွဲ့မရသေးသောကျောင်းသားများ (သို့မဟုတ်) ဘွဲ့ရပြီးကျောင်းသားများ လျှောက်နိုင်သည်။
  • ဘွဲ့မရသေးပါက 3rd year (သို့မဟုတ်) 4th year တက်ရောက်နေသော ကျောင်းသားဖြစ်ရမည်။  
  • အနည်းဆုံး (၃) လ မှ (၆) လ အထိ အလုပ်လုပ်နိုင်ရမည်။ (မိမိနှင့် သက်ဆိုင်သည့် Project Assignments ပေါ်မူတည်၍ ပြောင်းလဲမှုများ ရှိနိုင်သည်။)