CB Bank launches Myanmar first banking service on Viber

CB Bank launches Myanmar first banking service on Viber
CB Bank launches Myanmar first banking service on Viber
CB Bank launches Myanmar first banking service on Viber

မြန်မာနိုင်ငံ၏ ပထမဆုံးအနေဖြင့် CB Bank ဝန်ဆောင်မှု ကို Viber ပေါ်တွင် စတင်မိတ်ဆက်ခြင်း

CB Bank, Infobip and Viber မှ မိတ်ဆက်လိုက်ပါသည်

(ရန်ကုန်, ၀၁,စက်တင်ဘာ,၂၀၂၀) – တီထွင်ဖန်တီးမှုများသည် သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သော အတွေ့အကြုံသစ်များ ဖန်တီးပေးနိုင်ရန် အတွက် အဓိကနေရာမှပါဝင်ကြောင်း Digital Bank တစ်ခုဖြစ်သည့် CB Bank မှ ယုံကြည်ပါသည်။ CB Bank သည် ဖန်တီးမှု အသစ်များကို စဥ်ဆက်မပြတ်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသည့်အလျောက် မြန်မာနိုင်ငံတွင်လူသုံးများသည့် Viber မှတစ်ဆင့် CB Bank ဝန်ဆောင်မှုကို မိတ်ဆက်လိုက်ပါသည်။ နိုင်ငံတစ်ကာတွင် ဦးဆောင်နေသော cloud communications platform ကုမ္ပဏီ ဖြစ်သည့် Infobip နှင့် ပူးပေါင်းကာ အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ယခုဆန်းသစ်သည့် ဝန်ဆောင်မှုကို အသုံးပြုပြီး Call Centers Agents များကဲ့သို့ ဒီဂျီတယ် assistant ဝန်ဆောင်မှု ရရရှီနိုင်မှာ ဖြစ်ပါသည်။

“ယခု CB Bank ဝန်ဆောင်မှုကိုအသုံးပြုပြီး customers များသည် prepaid ၊ debit ၊ credit ကတ်များ၏ အချက်အလက်များကို အချိန်မရွေး နေရာမရွေးအလွယ်တစ်ကူ ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါသည်။ ခတ်အမှီဆုံး API နည်းပညာဖြင့် Viber နှင့် CB Bank တို့၏ server များကိုချိတ်ဆက်ထားသည့်အတွက် ကတ်များ၏ အချက်အလက်များကို (real-time) ချက်ချင်း သိနိုင်အောင် ဆောင်ရွက်ပေးထားပါသည်။ Customers များ၏ အချက်အလက်များကို လုံခြုံစိတ်ချရအောင် security checks များလည်းဆောင်ရွက်ထားပါသည်။ ရှေ့ဆက်၍လည်း Infobip နှင့် အနီးကပ်ပူးပေါင်းလက်တွဲကာ ပိုမိုကောင်းမွန် ဆန်းသစ်သည့် ဝန်ဆောင်မှုများ ပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။” ဟု CB Bank’s Managing Director (Business) ဦးသိန်းဇော်ထွန်း မှ ပြောကြားလိုက်ပါသည်။

CB Bank ဝန်ဆောင်မှု ကိုစတင်အသုံးပြုလိုပါက “Hi CB” ဟုရိုက်ပြီး မှတ်ပုံတင်နံပါတ်၏ နံပါတ် ၆ လုံးကို အရင် ပေးပို့ ရမှာ ဖြစ်ပါသည်။ Foreigners တွေအတွက်တော့ Passport Number ကိုရိုက်ထဲ့ရမှာ ဖြစ်ပါသည်။ ကိုယ်လိုချင်သည့် ဝန်ဆောင်မှုကို နံပါတ်ရိုက်နိုပ်ကာ ဝန်ဆောင်မှုကို အသုံးပြုနိုင်မှာ ဖြစ်ပါသည်။ ရရှိနိုင်သော ဝန်ဆောင်မှုများမှာ (1) Balance Inquiry, (2)Check Recent Transaction, (3) Check Card Statement တို့ဖြစ်ပါသည်။

CB Bank အနေဖြင့် customers များ၏ ငွေကြေးဆိုင်ရာ အချက်အလက်များ လုံခြုံမှုရှိစေရန် ရုပ်ဖြတ်သိမ်းဆည်းသည့် (encryption) နည်းပညာကို အသုံးပြုထားပါသည်။ Customers များ၏ Viber ဖုန်းနံပါတ်သည်လည်း ဘဏ်တွင်ပေးထားသည့် ဖုန်းနံပါတ်နှင့် တူညီမှ အသုံးပြုနိုင်မှာ ဖြစ်ပါသည်။ Fraud Account များနှင့် လွယ်ကူစွာခွဲခြားနိုင်စေရန် အပြာရောင် အမှန်ခြစ်ပါသည့် Verified Business Account အဖြစ်ပြုလုပ်ထားပါသည်။

“ကျွန်မတို့ Infobip သည် အစီအစဥ်များကို စတင်ရေးစွဲသည့် အချိန်မှစ၍ ဝန်ဆောင်မှုကို မိတ်ဆက်သည့်အချိန်အထိ CB Bank နှင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်ခဲ့သည့်အတွက် များစွာဂုဏ်ယူမိပါသည်။ ယခုဆိုရင် customers များသည် Card နှင့် ပါတ်သက်သည့် အချက်အလက်များကို ဘယ်နေရာမှမဆို အချိန်နှင့် တစ်ပြေးညီ စစ်ဆေးရယူနိုင်ပြီ ဖြစ်ပါသည်။ ကျွန်မတို့၏ ကုမ္ပဏီသည်လည်း connected customer experience ပေးရန် အသင့်ရှိနေသည် ကုမ္ပဏီ တစ်ခု ဖြစ်သည့် အလျောက် CB Bank မှ ယခုလို customers များအတွက် Online Channel မှနေ၍ ဝန်ဆောင်မှုပေးနိုင်တာကို လေးစားဂုဏ်ပြုအပ်ပါသည်။” ဟု Infobip-Myanmar ရဲ့ Country Manager ဖြစ်သူ Fiona Thu မှ ပြောကြားလိုက်သည်။

“ကျွန်တော်တို့သည် CB Bank ကို Viber ပေါ်တွင် မိတ်ဆက်နိုင်ခဲ့သည့်အတွက် များစွာဂုဏ်မိပါသည်။ ၂၄နာရီ အချိန်မရွေး နေရာမရွေးအသုံးပြုနိုင်သည့် အတွက် customer များကျေနပ်သည့် ဝန်ဆောင်မှု ဖြစ်လိမ့်မည်ဟု မျှော်လင့်ပါသည်။ နောက်လာမည့် ဆန်းသစ်တီထွင်မှုများအနေဖြင့် Mobile Tap & Pay ဝန်ဆောင်မှု ၊ Virtual Card ဝန်ဆောင်မှု ၊ Machine Learning ဖြင့်ပံ့ပိုးထားသည့် AI Viber နှင့် Messenger Bot များ အစရှိသည့် ဝန်ဆောင်မှုများကို မိတ်ဆက်သွားမည် ဖြစ်ပါသည်။ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းသည့် ဝန်ဆောင်မှုများကို စောင့်မျှော်အားပေးကြပါအုံး။ ရှေ့ဆက်၍လည်း ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးသွားဖို့ ကတိပြုအပ်ပါသည်။” ဟု CB Bank Head of Cards and Merchant Services ဦးဇေယျာအောင် မှ ပြောကြားလိုက်ပါသည်။

*************************************************

About CB Bank

CB Bank သည် 1992 ခုနစ်တွင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံတွင် အကြီးဆုံးသော ပုဂ္ဂလိကဘဏ် များထဲမှ တစ်ဘဏ် ဖြစ်ပါသည်။ ဘဏ်ဝန်ဆောင်မှုလုပ်ငန်း၏ ဖောက်သည်များအပေါ် အကျိုးပြုမှုကိုပိုမိုထိရောက်လာစေရန် နည်းပညာများကိုအသုံးပြုပြီး လုပ်ဆောင်လျက်ရှိပါသည်။

  • ဘဏ်လုပ်ငန်းဆိုင်ရာ အဓိက အဆောက်အအုံများနှင့် နည်းပညာစနစ်များကို ကောင်းစွာ တည်ဆောက် ထားခြင်း
  • ဒီဂျီတယ် ဘဏ်ဝန်ဆောင်မှုများ ကို ဖောက်သည်များအတွက် မိတ်ဆက်ခြင်း
  • ကုမ္ပဏီများ အခြားအဖွဲ့အစည်းများနှင့် မဟာဗျူဟာကျသော လက်တွဲမှုများ လုပ်ဆောင်ခြင်း အစရှိသော လုပ်ဆောင်ချက်များ ပြုလုပ်ထားပါသည်။

(၂၈) နှစ်တာကာလ အတွင်း CB Bank သည် ဝန်ထမ်းပေါင်း (၃၀) ကျော်မှ ဝန်ထမ်းပေါင်း (၉၀၀၀) ခန့် အထိ တိုးချဲ့ ခန့်ထားနိုင်ခဲ့ပြီး ဘဏ်ခွဲပေါင်း (၂၄၅) ခန့်ကို ဖွင့်လှစ်ထားနိုင်ခဲ့ပါသည်။ များ၏ လိုအပ်ချက်များနှင့် အံဝင် ခွင်ကျဖြစ်အောင် စီမံထားသည့် ဘဏ်ဝန်ဆောင်မှုများကို ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် တစ်ဦးချင်း customer များအတွက် ဝန်ဆောင်မှုများကို အကောင်းဆုံး ပေးဆောင်နေပါ သည်။

About Infobip

Infobip သည် စီးပွား‌ရေးလုပ်ငန်းများ၏ Customer များ အသုံးပြုနေသည့် Communication Channel များတွင် လွယ်ကူလျင်မြန်သော အပြန်အလှန်ဆက်သွယ်မှုများနှင့် အသုံးပြုသူများ၏အတွေ့အကြုံများကို ထိရောက်စွာ ချိတ်ဆက်မှုရှိစေရန် ထောက်ပံ့ပေးနိုင်သော Global cloud ဆက်သွယ်‌ရေးပလက်ဖောင်း တစ်ခုဖြစ်ပါသည်။

Infobip ၏ အမျိုးမျိုးသော ဆက်သွယ်မှုနည်းပညာဆိုင်ရာများကို ပလက်ဖောင်းတစ်ခုတည်းသာ အသုံးပြု၍ အသုံးပြုသူစစ်မှန်ကြောင်း အတည်ပြုသည့်(Identification) နည်းပညာများကို အသုံးပြုနိုင်ခြင်း ဆက်သွယ်ရေးစင်တာ(Call Center) များတွင် ကြုံတွေ့နေရသော Challenge များကို ကျော်လွှားနိုင်ရန် Infobip မှ တစ်မူထူးခြားဆန်းသစ်သော Communication Channels အမျိုးမျိုးပါရှိသည့် Contact Center Solution အစရှိသည်များကို စီးပွား‌ရေးလုပ်ငန်းများ ပိုမိုအောင်မြင်စေရန် နှင့် Customer Loyalty ပိုမိုတိုးပွားမှုရရှိစေရန် အသုံးပြုနိုင်ပါသည်။ Infobip သည် ဆယ်စုနှစ်တစ်ခုကျော် လုပ်ငန်းအတွေ့အကြုံများရှိပြီး နိုင်ငံပေါင်း (၁၉၀) ကျော်တွင် ရုံးခန်းပေါင်း (၇၀) ကျော်ဖြင့် Telecom Networks ၈၀၀ ကျော်နှင့် ချိတ်ဆက်၍ (၇) ဘီလီယံကျော်သော Mobile Devices များကို လုပ်ငန်းများစွာနှင့် ဆက်သွယ်မှုရရှိစေရန် ၀န်ဆောင်မှုပေးလျက်ရှိပါသည်။ စျေးကွက်တွင် ဦးဆောင်လျက်ရှိသော Mobile Operators များ၊ Messaging Apps များ၊ ဘဏ်များ၊ Social Networks များ၊ နည်းပညာကုမ္ပဏီများ၊ Aggregators များနှင့် ပူးပေါင်းဆောင်ရွက်၍ ၀န်ဆောင်မှုပေးနေပါသည်။

Media Contact

Corporate Communications

media@cbbank.com.mm

- Ends -