
CB Bank သည် Euromoney မှ ပေးအပ်သော Excellence in Leadership in Asia ဆုကိုရရှိခဲ့သည်။ အဆိုပါဆုသည်အာရှဒေသတစ်ဝှမ်းရှိဘဏ်များ COVID-19 ကာလအတွင်းအကောင်းဆုံးစီမံဆောင်ရွက် နိုင်မှုအပေါ်အခြေခံ၍ပေးအပ်ခြင်းဖြစ်သည်။ အာရှဒေသတစ်ခုလုံးတွင်ဦးဆောင်မှုအကောင်းဆုံးဆုကို CB Bank မှ ကမ္ဘာ့ထိပ်သီးဘဏ်များနှင့်အတူရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ "COVID-19 ဟာ ကျွန်တော်တို့အားလုံးအတွက်မကြုံစဖူး ကြုံရတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ CB Bank ဟာ Customer တွေနဲ့ ၀န်ထမ်းတွေရဲ့ ကျန်းမာရေးအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ၊လုပ်ထုံးလုပ်နည်းတွေ ကို အခုနှစ်အစပိုင်းကနေ စတင်ပြီး အလျင်အမြန် အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ပါတယ်။ ဘဏ် ဝန်ဆောင်မှုတွေကိုလည်းပှံမှန်အတိုင်း ဆက်လက်ပေးနိုင်အောင် လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့ CB Bank ဥက္ကဌ ဦးခင်မောင်အေးနဲ့ဒါရိုက်တာဘုတ်အဖွဲ့တို့ရဲ့ခိုင်မာတဲ့ အထောက်အပံ့တွေ အပြင် ဘဏ်တစ်ခုလုံးရဲ့ ညီညီညွတ်ညွတ် လုပ်ဆောင်ချက်တို့နဲ့အတူ ဒီ စိန်ခေါ်မှုကြီးကိုဖြတ်ကျော်နေပါတယ်။ အခုလိုဂုဏ်သိက္ခာကြီးမားတဲ့ အာရှဒေသဆိုင်ရာ ဆုကို မြန်မာနိုင်ငံရှိဘဏ်တွေထဲကနေ ရရှိခဲ့တဲ့ အတွက် ကျွန်တော်တို့ များစွာဂုဏ်ယူမိပါတယ်၊ Customer တွေ၊ Community အတွက် ပိုမိုအကျိုးပြုမယ့် လုပ်ငန်းတွေ ကိုလုပ်ဆောင်စေဖို့ တွန်းအားတစ်ခုလည်းဖြစ်စေပါတယ်။” ဟု CB Bank ၏ အမှုဆောင်အရာရှိချုပ်နှင့်အမှုဆောင်ဒုဥက္ကဌဦးကျော်လင်းကပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံ၏ နေရာဒေသများစွာတွင် လူအများသွားလာလှုပ်ရှားခြင်းကို ကန့်သတ်ထားသည့် ကာလ အတွင်းဘဏ်ခွဲအရေအတွက်ကိုလျှော့ချခြင်းမရှိဘဲ CB Bank သည်၎င်း၏ဘဏ်ခွဲများ၌ တင်းကြပ် သောကျန်းမာရေးအစီအမံများကိုအကောင်အထည်ဖော်ခြင်းအားဖြင့် ဖောက်သည်များအားပုံမှန်အတိုင်း ၀န်ဆောင်မှုပေးနိုင်ခဲ့သည်။ ဘဏ်ခွဲများတွင် လူအများစုပြုံမှုကို လျှော့ချရန်အတွက် သီးခြားသတ်မှတ် ထားသောနေရာများကိုအသုံးပြု၍ ကားများဖြင့် ရွေ့လျားဘဏ်လုပ်ငန်းဝန်ဆောင်မှုကိုထူးခြားစွာ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
“Customer တွေအတွက် အဓိကအခက်အခဲက ငွေသားရယူနိုင်ဖို့ဖြစ်တယ် ဆိုတာကို CB Bank က အသိအမှတ်ပြု ဆောင်ရွက်နိုင်ခဲ့ခြင်းဟာမှန်ကန်တဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်၊ ခေါင်း ဆောင်မှုဆိုတာထူးခြားဆန်းကြယ် တဲ့လုပ်ဆောင်ချက်မျိုးဖြစ်စရာမလိုပါဘူး၊ ရိုးရုင်းတဲ့ ဆောင်ရွက်မှု တွေကို အကောင်းဆုံးဆောင်ရွက်ပေးနိုင်တာလည်း ခေါင်းဆောင်မှု ဖြစ်တယ် ဆိုတာကို CB Bank က ပြသလိုက်ခြင်းဖြစ်တယ်” ဟု Euromoney က မှတ်ချက်ပြုခဲ့သည်။ ဤကပ်ရောဂါ၏ စီးပွားရေး အကျိုးသက်ရောက်မှုကိုရင်ဆိုင်နေရသော Customer များအားကူညီရန် CB Bank သည် ချေးငွေအရင်း ပေးဆပ်ခြင်းနှင့် အတိုးပေးဆပ်ခြင်းများကို ၆ လအထိယာယီဆိုင်းငံ့ထားနိုင်ရန်အတွက် စီစဉ်ဆောင် ရွက်ထားရှိပေးလျှက်ရှိသည်။
https://myanmar.mmtimes.com/news/141978.html